邹立莹

အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှုရပ်စဲခြင်းကို နိုင်ငံတကာမိသားစုကြီးက ပြစ်တင်ရှုတ်ချ

(GMT+08:00)2020-06-01 15:05:05  

အမေရိကန်သမ္မတ ထရန့်က အမေရိကန်နိုင်ငံသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှုကို ရပ်စဲမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား ပေးဆောင်ရန် အဖွဲ့ဝင်ကြေးကို အခြားနေရာများတွင် အသုံးပြုမည်ဟု မေလ ၂၉ ရက်နေ့က ကြေညာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတကာမိသားစုကြီးသည် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ရှုတ်ချခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဂျာမဏီ ကျန်းမာရေးဝန်ကြီး ယန်စ်ရှီပန်သည် မေလ ၃၀ ရက်နေ့က လူမှုကွန်ရက်တွင် ထရန့်၏ အဆိုပါ ကြေညာချက်ကို  ပြစ်တင်ရှုတ်ချပြီး ယင်းသည် စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း ဖေါ်ပြပါသည်။

ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဦးဆောင်ရာတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဗြိတိန်နိုင်ငံသည် အမေရိကန်ကို လိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပေးဆောင်ရန် ငွေကြေး ရုပ်သိမ်းမည် မဟုတ်ကြောင်း မေလ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

 

အိုင်ယာလန် ကျန်းမာရေးဝန်ကြီး ဆီမွန် ဟာရီစ်ကလည်း အမေရိကန်၏ ဆုံးဖြတ်ချက်သည် ဆိုးညံ့သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ပြောကြားပါသည်။