ဒေသစံတော်ချိန် ယခုလ ၃၀ ရက်နေ့ညနေပိုင်းက ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ Ursula von der leyen နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell Fontelles တို့သည် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ အမေရိကန်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်သောဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့ပါသည်။
တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ကို တိုက်ဖျက်သည့်အခြေအနေတွင် လူအားလုံး၏ အဓိကတာဝန်မှာ အသက်ကယ်ဆယ်ပြီး ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ် လျှော့ချခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် ထောက်ခံအားပေးပြီး ယင်းအတွက် ပိုမိုများပြားသော ငွေရင်းကို ပံ့ပိုးပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖေါ်ပြထားပါသည်။