宋冉

အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှု ရပ်စဲခြင်းသည် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု၏ နိုင်ငံတကာဥပဒေအခြေခံကို နင်းခြေမှု ဖြစ်သည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2020-05-31 16:10:20  

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာဟာရိုဗါက တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ပြီး ကိုဗစ်-၁၉ကို တိုက်ဖျက်သည့်အချိန်တွင် အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်ဆံမှု ရပ်စဲခြင်းသည် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု၏ နိုင်ငံတကာဥပဒေအခြေခံကို နင်းခြေမှုဖြစ်ကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားချိန်တွင် အမေရိကန် ဆေးဝါးကုသရေးစနစ်တွင် ဖြစ်ပေါ်သော ဝမ်းနည်းဖွယ်ရာ အခြေအနေသည် အမေရိကန်က ယင်းနယ်ပယ်၌ ဦးဆောင်မှုအဆင့်နေရာကို ဆွေးနွေးရန်အရည်အချင်းမရှိဟု ပြဆိုကြောင်း ပြောကြားပါသည်။