宋冉

အမေရိကန်မှာ လူမျိုးချင်း အထင်သေးမှု ပြဿနာဟာ အသားမည်းလူမျိုး သေဆုံးမှု ဖြစ်စေတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်

(GMT+08:00)2020-05-31 16:08:38  

ဒေသစံတော်ချိန် ဒီလ ၂၅ ရက်နေ့က အမေရိကန် Minneapolis မြို့မှာ George Floyd နာမည် ခေါ်တဲ့ အာဖရိက အနွယ်ဖွား အမေရိကန်နိုင်ငံသား တစ်ဦးဟာ အသားဖြူလူမျိုး ရဲတို့ရဲ့ ကြမ်းတမ်းစွာ ဥပဒေကျင့်သုံးတာကြောင့် သေဆုံးခဲ့တယ်။ အဲဒီ ဖြစ်ရပ်ကြောင့် အမေရိကန် ဒေသများစွာမှာ ဆူပူမှုများ ဖြစ်လာနေခဲ့တယ်။ Minneapolis မြို့မှာ ဆန္ဒပြသူများက ရဲတို့နဲ့ အချင်းပွါးမှုများ ဖြစ်ပွါးခဲ့တဲ့အပြင် ဓါးပြတိုက်မှု၊ မီးတင်ရှို့မှုများလည်း ဖြစ်ပွါးခဲ့တယ်။ နယူးယောက် အပါအဝင် အမေရိကန် တစ်ခြား ဒေသများမှာလည်း လူမျိုးချင်း အထင်သေးမှု ကန့်ကွက်ရေး လှည့်လည် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့တယ်။

အခြေအနေ ထိန်းမရ ဖြစ်နေတာကို တွေ့မြင်တော့ အမေရိကန် ခေါင်းဆောင်က “ဆူပူမှုဟာ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်”၊ “လုယက်မှု ပြုသူကို တွေ့ရင် သေနတ်ပစ်လိုက်” စတာတွေကို လူမှုကွန်ရက်မှာ သတိပေး တိုက်တွန်းပြီး ပြတ်ပြတ်သားသား ဖိနှိပ်ဟန် တစ်မျိုး ပြထားတယ်။ ဒါပေမယ့် အမေရိကန် ခေါင်းဆောင်ရဲ့ အဲဒီ သတိပေး တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်သူတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ကြတယ်။ သူတို့က၊ အမေရိကန် နိုင်ငံရေးသမားတို့ဟာ တစ်ခြားနိုင်ငံများမှာ ဆူပူမှုတွေ ဖြစ်ပွါးတဲ့အခါ အဲဒါကို “လှပတဲ့ ရှုခင်း”လို့ ခေါ်ပြီး နေရာတကာမှာ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့တယ်၊ ဒါပေမယ့် ပြည်တွင်းမှာ လူနည်းစု လူမျိုး အာဏာရနေတာ ဖြစ်တော့ စိတ်လောပြီး ပြတ်ပြတ်သားသား ဖိနှိပ်မယ်လို့ ဆိုတယ်။ အဲဒီလို စံနှစ်မျိုးထားတဲ့ လုပ်ရပ်ဟာ အံဖို့ကောင်းတယ်လို့ ကဲ့ရဲ့ ပြစ်တင်ကြတယ်။

   သက်ဆိုင်ရာ သုတေသန ရလဒ်အရ၊ ၂၀၁၆ ခုနှစ်ကစပြီး အမေရိကန် ပြည်တွင်းမှာ အသားဖြူလူမျိုး ထိပ်တန်းနေရာထားရေးဝါဒဟာ အဆက်မပြတ် ဦးမော့လာ၍ လူမျိုးချင်း ရန်ငြိုးထားမှုနဲ့ အထင်သေးမှုဆိုင်ရာ ဖြစ်ရပ်များလည်း တစ်နေ့ထက်တစ်နေ့ တိုးများ ဆိုးရွားလာခဲ့တယ်။ အမေရိကန် နိုင်ငံရေးသမားတို့က သက်ဆိုင်ရာ ပြဿနာများကို မဖြေရှင်းဘဲ ပြောင်းပြန်ပြီးတော့ လူမျိုးချင်းဆိုင်ရာ ပြဿနာများကို အသုံးပြု၍ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ကာ ကိုယ့်ရာထူးတက်ဖို့အတွက် အကျိုးစီးပွါး ရှာကြံ လုပ်ဆောင်နေကြတယ်။ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ အထက်ပါ လုပ်ရပ်တွေဟာ George Floyd သေဆုံးမှုနဲ့ အမေရိကန် ပြည်တွင်း ဆူပူမှု ဆန္ဒပြမှုများ ဖြစ်ပွါးတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။