辛甜

အမေရိကန်မှာ ဘေးအန္တရာယ်များ ဖြစ်စေနေတဲ့ ပွန်ပေအို

(GMT+08:00)2020-05-30 14:02:29  

နယူးယောက်တိုင်းမ်စ် ဝက်ဘဆိုက်မှာ မကြာခင်က ပွန်ပေအိုနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးသားပြီး၊ ပွန်ပေအိုဟာ အမေရိကန် သမိုင်းမှာ အညံ့ဆုံးသော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပြီး သံတမန်ရေးဆိုင်ရာ အောင်ကျိုးရလဒ် တစ်ခုမှ မရရှိခဲ့ဖူးကြောင်း ပြစ်တင်ဝေဖန်ထားပါတယ်။

ဆောင်းပါးထဲမှာ၊ ပွန်ပေအိုက COVID-19 ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံပြောဆိုခဲ့တယ်၊ အစိုးရ ဝန်ထမ်းများကို ခိုင်းစေပြီး သူ့ကိုယ်ရေးကိစ္စတွေကို လုပ်ခိုင်းခဲ့တယ်၊ အစိုးရ ငွေကြေးနဲ့ ကိုယ်ရေး ညစာစားပွဲများကို မကြာခဏ ပြုလုပ်ခဲ့တယ်၊ ရာထူးဆိုင်ရာ ကိုယ်ကျိုးစီးပွါး ရှာကြံဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ငွေကြေးနဲ့ လေယာဉ်ကို အသုံးပြုပြီး Kansas ပြည်နယ်ကို အကြိမ်ကြိမ် သွားလာခဲ့တယ် …… စတာတွေ ရေးသားဖေါ်ပြထားတယ်။

ပွန်ပေအိုရဲ့ အမျိုးမျိုးသော မူမမှန်တဲ့ လုပ်ရပ်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြီးကြပ်ရေးချုပ် Steve Linick က သတိထားမိခဲ့တယ်။ Steve Linick က သက်ဆိုင်ရာ အကြောင်းများကို စတင် စုံစမ်းစစ်ဆေးခဲ့တယ်၊ ဒါပေမယ့် အဲဒီအခါကပဲ ရာထူးဖြုတ်ချမှု ခံခဲ့ရတယ်၊ ပွန်ပေအိုက အဲဒီနည်းလမ်းနဲ့ ရာထူး တက်ဖို့ အဟန့်အတား တစ်ခုကို ဖယ်ရှား နိုင်ခဲ့တယ်လို့လည်း ဆောင်းပါးထဲမှာ ဖေါ်ပြထားတယ်။

ကျွမ်းကျင်ပညာရှင်များက၊ နိုင်ငံတကာဆိုင်ရာ ရေးရာများနဲ့ ပတ်သက်ပြီး COVID-19 ကူးစက်ရောဂါ ဖြစ်ပွါးတဲ့ နောက်ပိုင်း ပွန်ပေအိုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား ငွေကြေး ထုတ်ပေးမှု ရပ်စဲခြင်းကို အစွမ်းကုန် တွန်းအားပေးခဲ့တယ်၊ ကူးစက်ရောဂါကို အကြောင်းပြုပြီး အီရန်၊ ကျူးဘားအား အရေးယူမှုကို အားဖြည့်၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များ ပိုမို ဆိုးဝါးလာစေခဲ့တယ်၊ နိုင်ငံတကာမှာ ဆေးဝါးကုသရေး ပစ္စည်းများကို အကြိမ်ကြိမ် လုယူခဲ့တယ်၊ လူမျိုး ခွဲခြားရေးဝါဒကို သွေးထိုးလှုံ့ဆော်ပြီး အာရှလူမျိုးများကို ပိုမို ပြင်းထန်တဲ့ ခြိမ်းခြောက်မှုများနဲ့ ရင်ဆိုင်စေခဲ့ရတယ်၊ သမိုင်းမှာ အညံ့ဆုံးသော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပွန်ပေအိုဟာ အမေရိကန် အပါအဝင် ကမ္ဘာကြီးမှာ ဘေးအန္တရာယ်များ ဖြစ်စေနေတယ်လို့ ဝေဖန်ကြကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။