朱蕾

တရုတ် တရားမ ကိုဓဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်းသည် တရားမ အခွင့်အရေးများအား ဘက်စုံ ကာကွယ်ပေးသည့် ခေတ်ကာလသစ်ကို ဖွင့်လှစ်

(GMT+08:00)2020-05-29 13:30:56  

  ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေးကို ယခုလ ၂၈ရက်နေ့က ပီကင်းတွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် တရုတ် တရားမ ကိုဓဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ မှစ၍ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့်နောက်ပိုင်းတွင် ပထမဆုံး အဖြစ် ကိုဓဥပဒေဖြင့် အမည်ပေးသည့် ဥပဒေဖြစ်ကြောင်း၊ ၁.၄ဘီလီယံရှိသော တရုတ်ပြည်သူများ၏ တရားမ အခွင့်အရေးများအား ဘက်စုံ ကာကွယ်ပေးသည့် ခေတ်ကာလသစ်ကို ဖွင့်လှစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။