朱蕾

ရဲ၏ အကြမ်းဖက်မှုဖြင့် ဥပဒေကျင့်သုံးမှုကြောင့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား သေဆုံးခြင်းသည် အလွှာပေါင်းစုံမှ ဆန္ဒပြကန့်ကွက်မှုများဖြစ်စေ

(GMT+08:00)2020-05-29 16:30:06  

  ဒေသစံတော်ချိန် မေလ ၂၇ရက်နေ့က အမေရိကန်နိုင်ငံ Minnesotaပြည်နယ် Minneapolisမြို့၌ ပြင်းထန်သော ဆန္ဒပြ ကန့်ကွက်မှုနှင့် မီးလောင်းမှု ဖြစ်ပွားခဲ့ပါသည်။

  ဆန္ဒပြ ကန့်ကွက်မှု၏အကြောင်းရင်းမှာ ၂၅ရက်နေ့ညက ဒေသခံ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား George Floydသည် အတုငွေစက္ကူကို တရားမဝင်သုံးစွဲသည်ဟု သံသယရှိ၍ Caucasianရဲများ၏အဖမ်းခံခဲ့ပြီး အကြမ်းဖက်မှုဖြင့် ဥပဒေကျင့်သုံးမှုခံခဲ့ကာ ဆေးရုံသို့ ပို့ဆောင်၍ ကုသခဲ့သော်လည်း သေဆုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၊သက်ဆိုင်ရာ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီးနောက် ထောင်နှင့်ချီသော အမေရိကန်ဆန္ဒပြသူများသည် လမ်းများတွင် ကန့်ကွက်ကြကြောင်း၊ သို့သော် ၄င်းတို့၏ ဆန္ဒပြကန့်ကွက်မှုသည် ရဲများ၏ အကြမ်းဖက်ဖိနှိပ်မှု ခံခဲ့ကြောင်း၊ ယင်းသည် အမေရိကန်တစ်ပြည်လုံး၌ ပိုမိုများပြားသော ဒေါသဖြစ်ခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းများကို ဖြစ်စေလာကြောင်း၊ အလွှာပေါင်းစုံက ရဲများ၏ ရိုင်းစိုင်းသော ဆောင်ရွက်မှုကို အပြစ်တင်ရှုတ်ချပြီး ယင်းမှုခင်းနှင့်သက်ဆိုင်သော ရဲများကို အရေးယူရန် ပြင်းထန်စွာ တောင်းဆိုကြကြောင်း သတင်းရရှိပါသည်။

  FBIနှင့် တရားရေးဝန်ကြီးဌာနတို့သည် စတင်စုံစမ်းစစ်ဆေးခဲ့သည်ဟု အမေရိ ကန်သမ္မတ ထရန့်က ၂၇ရက်နေ့က လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။