朱蕾

တရုတ်စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးမှုသည် ကမ္ဘာ့စီးပွားရေးဆက်လက်ဖွံ့ဖြိုးရေးအပေါ် အထောက်အကူပြုမည်

(GMT+08:00)2020-05-29 13:21:03  

图片默认标题_fororder_微信图片_20200529132020

      တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံပြီး မေးမြန်း ချက် ၁၁ ခုကို ပြန်လည်ဖြေကြားခဲ့သည်။  လီခေ့ချန်သည် တရုတ်စီးပွားရေး ဖွံ့ဖြိုးမှု၊ တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြခဲ့ ရာတွင် ၂၀၂၀ပြည့်နှစ် ရည်မှန်းချက်တာဝန် အကောင်အထည်ဖော်ဆောင်ရန် တရုတ်ပြည် က ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ခိုင်မာသော ယုံကြည်စိတ်ကို ပြသရုံသာမက၊ ကမ္ဘာ့စီးပွား  ရေး ပြန်လည်တိုးပွားစေရေးအပေါ် တရုတ်ပြည်မှ စွမ်းဆောင်ပြုမှုနှင့် တာဝန်သိစိတ်ကို လည်း ပြဆိုနေသည်။

  ယခုနှစ် တရုတ်ပြည်သည် GDPတိုးနှုန်းရေးရာ အသေးစိတ် လျာထားချက် သတ်မှတ်ခြင်း မဖော်ပြခဲ့သော်လည်း၊ အလုပ်အကိုင်နေရာ ချထားရေးနှင့် ပြည်သူများ၏ အခြေခံ စားဝတ်နေရေးကို ဦးစားပေး အာမခံပေးခြင်း၊ ဆင်းရဲမှုပပျောက်စေရေးတိုက်ပွဲကို ဇွဲမလျှော့အနိုင်ရရှိခြင်းနှင့် အသင့်အတင့်ချောင်လည်သော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေး အကောင်အထည်ဖော်ဆောင်ခြင်း စသည့် ရည်မှန်းချက်များကို  ဖော်ပြခဲ့သည်။

  နှစ်ပေါင်းများစွာက ကမ္ဘာ့စီးပွားရေးတွင် စွမ်းဆောင်ပြုမှုနှုန်း ရာခိုင်နှုန်း ၃၀ ခန့် ထိန်းထားသည့် နိုင်ငံအနေနှင့်၊ တရုတ်စီးပွားရေးသည် ကိုဗစ် ၁၉ ရောဂါမှ ဂယက်ရိုက်ခတ် မှုခံခဲ့ရသော်လည်း တည်ငြိမ်မှုထိန်းထားနိုင်ပြီး၊ ယင်းမှာ ကမ္ဘာအတွက် စွမ်းဆောင်မှုပင် ဖြစ် သည်။ တရုတ်ပြည်အနေနှင့် တံခါးပိတ်ပြီး ကိုယ့်ဖွံ့ဖြိုးမှုအားဖြည့် ဆောင်ရွက်မည်မဟုတ် ဘဲ၊ တံခါးဖွင့်မှုဖောက်ချပြုလုပ်ရေးကို စွဲကိုင်မည်ဖြစ်ကာ၊ ကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်မှု ကို ဆက်လက် တိုးချဲ့သွားမည်ဖြစ်သည်။