李悦

မူလအစီအစဉ်အတိုင်း ယခုနှစ်တွင် နိုင်ငံ၁၅နိုင်ငံသည် RECPကို ချုပ်ဆိုမည်ဟု မျှော်လင့်ယုံကြည်ကြောင်း လီခေ့ချန်ဆို

(GMT+08:00)2020-05-28 19:56:46  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၈ရက်နေ့က ပီကင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ အစည်းအဝေးအပြီး အင်တာနက် ဗီဒီယိုသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က ယမန်နှစ် အရှေ့အာရှ ခေါင်းဆောင်များအစည်းအဝေးများ၌ အာဆီယံ ၁၀နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန် ၁၅နိုင်ငံတို့မှ ခေါင်းဆောင်များသည် မူလအစီအစဉ်အတိုင်း ယခုနှစ်တွင် RECPကို ချုပ်ဆိုမည်ဟု အတူကတိပြုကြကြောင်း၊ ယင်းကတိပြုချက်ကို အတည်ဖြစ်စေမည်ဟု မျှော်လင့်ကြောင်းနှင့် ယုံကြည်ကြောင်း ပြောကြားသည်။