李悦

တရုတ်-ကန်ဆက်ဆံမှု ပြတ်တောက်ခြင်းသည် နှစ်နိုင်ငံ အတွက်ရော၊ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးမရှိဟု လီခေ့ချန်ဆို

(GMT+08:00)2020-05-28 19:12:41  

ကမ္ဘာ့အဓိကစီးပွားရေးအုပ်စုဖြစ်သည့် တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံမှု ပြတ်တောက်လျှင် နှစ်နိုင်ငံအတွက် အကျိုးမရှိသည့်အပြင် အခြားနိုင်ငံများကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံခေါင်းဆောင်တို့ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို လိုက်နာဆောင်ရွက်ပြီး ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှုရှိသော တရုတ်-အမေရိကန်ဆက်ဆံမှုထားရှိရန် တွန်းအားပေးသင့်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်က ၂၈ရက်နေ့က ပြောကြားသည်။