李悦

ဈေးကွက်နှင့် လိုက်လျောညီထွေရေး၊ တရားဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတကာကုန်စည်စီးဆင်းမှုရှိသော စီးပွားကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်ရေး အခြေ အနေကို ဖန်တီးပေးမည်ဟု လီခေ့ချန်ဆို

(GMT+08:00)2020-05-28 19:56:06  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၂၈ရက်နေ့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များပါဝင်ကြသည့် သတင်းစာရှင်းလင်းပွဲတွင် ဈေးကွက်နှင့်လိုက်လျောညီထွေရေး၊ တရားဥပဒေနှင့်အညီစီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတကာ ကုန်စည်စီးဆင်းမှုရှိသော စီးပွားကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်ရေးအခြေအနေကို ဖန်တီးပေးပြီး စနစ်မကျသော စည်းကမ်းများကို ဖယ်ရှား၍ ကုမ္ပဏီများအကြား တရားမျှတစွာ ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။