张晓宁

ဇင်ဘာဘွေသို့စေလွှတ်သော တရုတ်ဆေးကုသရေးပညာရှင်အဖွဲ့သည် တာဝန်ပြီးမြောက်

(GMT+08:00)2020-05-27 15:42:13  

    ဒေသစံတော်ချိန် မေလ ၂၅ ရက်နေ့က တရုတ်အစိုးရမှ စေလွှတ်ခဲ့သော အဖွဲ့ဝင် ၁၂ဦးပါဝင်သည့်COVID-19ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးကုသရေးပညာရှင်အဖွဲ့သည် ဇင်ဘာဘွေနိုင်ငံတွင် တာဝန်ပြီးမြောက်ပြီး စင်းလုံးငှါးလေယာဉ်ဖြင့် ဇင်ဘာဘွေမှ ထွက်ခွါကာ အီကွေတောဂီနီနိုင်ငံသို့ ဆိုက်ရောက်၍ ဆေးကုထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဇင်ဘာဘွေနိုင်ငံသတင်းရေးရာဝန်ကြီးအပါအဝင် အစိုးရ အဆင့်မြင့်အရာရှိများသည် ပညာရှင်အဖွဲ့အား လိုက်ပို့ခဲ့ရာတွင် တရုတ်ပညာရှင်အဖွဲ့၏ အကျိုးပြု စွမ်းဆောင်မှုကို တန်ဖိုးထားချီးကျူးပြီး တရုတ်အစိုးရ၏ ဇင်ဘာဘွေနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် ထောက်ပံ့ကူညီမှုများကို  ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

图片默认标题_fororder_津巴布韦 (2)

图片默认标题_fororder_津巴布韦