张晓宁

ဆင်းရဲသောဒေသများတွင် လျှပ်စစ်ဓါတ်အားကွန်ရက်တည်ဆောက်ရေးနှင့် လေအား လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ဝူကန် တိုက်တွန်း

(GMT+08:00)2020-05-27 15:41:25  

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဝင်၊ ရှင်းကျန်း ကျင်ဖုန် သိပ္ပံနည်းပညာကုမ္ပဏီလီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဝူကန်က သတင်းထောက်နှင့်တွေ့ဆုံရာတွင် ကုန်ထုတ်လုပ်မှု အားကိုးပြီး ဆင်းရဲမှု ပပျောက်ရေး နည်းလမ်းကို ရှင်းကျန်းဒေသ၌ အဆက်မပြတ် တွန်းအားပေး ကျင့်သုံးနေသည်နှင့်အမျှ လျှပ်စစ်ဓါတ်အား ဝယ်လိုအားလည်း ဆက်တိုက် တိုးများလာနေကြောင်း၊ တစ်ချိန်တည်းတွင် နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်လာ၍ ဝေးလံခေါင်းပါးသော ဒေသများ၌ လျှစ်စစ်ဓါတ်အား ဝယ်လိုအားလည်း တိုးလာနေကြောင်း၊ ထို့ကြောင့် ဝေးလံခေါင်းပါးသော ဒေသများ၌ လျှပ်စစ်ဓါတ်အားကွန်ရက်တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ လေအားလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းသည် တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှုနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးအတွက် တက်ကြွစွာ အကျိုးပြုနေကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

图片默认标题_fororder_武钢