张晓宁

ပြည်သူများကို ဗဟိုပြုသည့် ဖွံ့ဖြိုးရေး အတွေးအခေါ်ဖြင့် ပြည်သူ့ကောင်းကျိုးအတွက် အစဉ်တစိုက် တာဝန်ကျေပွန်စွာ လက်တွေ့ဖော်ဆောင်ရမည်ဟု NPC ကိုယ်စားလှယ်များ ဆို

(GMT+08:00)2020-05-27 15:31:55  

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး၏ အတွင်းမွန်ဂိုး ကိုယ်စားလှယ်အဖွဲ့ စိစစ်ဆွေးနွေးပွဲကို တက်ရောက်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ် ကွန်မြူနစ်ပါတီ၏ အခြေခံအုတ်မြစ်သည် ပြည်သူများတွင် တည်ရှိခြင်း ဖြစ်သကဲ့သို့ တရုတ် ကွန်မြူနစ်ပါတီ၏  သွေးကြောသည်လည်း ပြည်သူများတွင် တည်ရှိခြင်း ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီသည် ပြည်သူများကို စည်းလုံးညီညွတ်ပြီး ဦးဆောင်၍ တော်လှန်ရေး၊ တည်ဆောက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြကြောင်း၊ အရင်းခံ ရည်ရွယ်ချက်မှာ ပြည်သူများက ကောင်းမွန်သည့် နေထိုင်မှုရရှိစေရန်ပင် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ယခုရက်များတွင် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်နေကြသော တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များက  အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ညွှန်ကြားချက်များကို လက်တွေ့ကျကျ ဖော်ဆောင်ပြီး၊ ပြည်သူများကို ဗဟိုပြုသည့် ဖွံ့ဖြိုးရေး အတွေးအခေါ်ကို မူဝါဒများ ချမှတ်စီစဉ်ပေးရေးနှင့် လုပ်ငန်းများဆောင်ရွက်မှုတွင် လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု China Media Groupမှ သတင်းအရသိရသည်။