张晓宁

ဆောင်ရွက်ချက်မျိုးစုံဖြင့် နိုင်ငံခြားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၏ အခြေခံကို တည်ငြိမ်စေမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီး ဆို

(GMT+08:00)2020-05-26 14:57:40  

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး ဒုတိယအကြိမ် ဝန်ကြီးများအား မေးမြန်းပွဲတွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီး ဂျုံးဆန်းက နိုင်ငံခြားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၏ အခြေခံကို တည်ငြိမ်စေရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံခြားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးသည် ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး၏ အရေးကြီးအကြောင်းအရာဖြစ်သည့်အပြင် အရေးကြီး အောင်မြင်မှုလည်းဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်ရေးမဏ္ဍိုင်ကို တည်ငြိမ်စေပြီးမှသာလျှင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးကို တည်ငြိမ်စေပြီး ဖွံ့ဖြိုးတိုးတက်စေမှာ မုချဖြစ်ပါကြောင်း ၂၅ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။