张晓宁

တရုတ်ပြည်အပေါ် ကန်၏ အကြောင်းမဲ့ပြစ်တင်မှုများသည် အထောက်အထား လုံးဝမရှိဟု သုတေသနသက်သေများ ပြဆိုနေကြောင်း CPPCC ကိုယ်စားလှယ်များ ဖော်ပြ

(GMT+08:00)2020-05-26 15:01:58  

နိုင်ငံတစ်ခုတစ်လေကတော့ တရုတ်ပြည်ကို အစွမ်းကုန် သရုပ်ဖျက်ပြီး ဗိုင်းရပ်စ်ကို  နိုင်ငံရေးကိစ္စအဖြစ် ရှုမြင်ခြင်းနှင့် အမည်ဆိုးပေးထားခြင်းစသည့် ဆိုးယုတ်သော လုပ်ရပ်များ အပေါ် နိုင်ငံတကာအာဘော်များမှကျယ်ပြန့်စွာ အာရုံစိုက်နေကြသည်။ COVID-19ရောဂါဖြစ်ပွားခဲ့သည့်  နောက်ပိုင်းတွင် အမေရိကန် နိုင်ငံရေးသမားအချို့သည် တရုတ်ပြည်ကို ကြိမ်ဖန်များစွာ ပြစ်တင်ခဲ့ရုံသာမက၊ COVID-19 ရောဂါ ကမ္ဘာ့အနှံ့ ကူးစက်ပျံ့နှံ့ခြင်းအပေါ် တာဝန်ယူရန် တရုတ်ပြည်အား တောင်းဆိုသည်။ ယင်းနှင့် စပ်လျဉ်း၍ ပီကင်းတွင် ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့်  ဆေးဝါးကုသမှုနှင့် ကျန်းမာရေးနယ်ပယ်မှ CPPCCအဖွဲ့ဝင်များက နိုင်ငံတကာမှ သက်ဆိုင်ရာ သုတေသန သက်သေအထောက်အထားများသည် တရုတ်ပြည် အပေါ် ရည်စူးသော ၄င်းအကြောင်းမဲ့ ပြစ်တင်မှုများဟာ အဖြစ်မှန်အခြေခံမရှိသကဲ့သို့ သိပ္ပံပညာ အထောက်အထားလည်း လုံးဝ မရှိခြင်းကို ပြဆိုနေကြောင်း ဖော်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။