张晓宁

တရုတ်နိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်

(GMT+08:00)2020-05-26 14:54:59  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ပီကင်းမြို့၌ ကျင်းပနေပါသည်။ ၂၅ ရက်နေ့က အစည်းအဝေးတွင် ဆွေးနွေးစိစစ်ရန် တင်ပြထားသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်း အစီရင်ခံစာတွင် ပြည်လုံးဆိုင်ရာ ပြည်သူ့​ကွန်​ဂ​ရက်သည် ကမ္ဘာ့နိုင်ငံများနှင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုကို ဆက်လက် တွန်းအားပေးမည် ဖြစ်ပြီး စနစ်ဆိုင်ရာ ကူးလူးဖလှယ်မှုကို တည်ငြိမ်စွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ အများပြည်သူ ကျန်းမာရေး ဆိုင်ရာ ဥပဒေပြုရေး နယ်ပယ်၌ ကူးလူးဖလှယ်မှုကို တွန်းအားပေးမည် ဖြစ်ပြီး နိုင်ငံချင်းဆက်ဆံမှု တိုးတက်ရေးနှင့် နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း China Media Group မှသတင်းအရ သိရပါသည်။