张晓宁

“တရုတ်ပြည် အပေါ် အရေးယူမည်”ဟူသောအနောက်နိုင်ငံများမှ နိုင်ငံရေးသမားအချို့ ၏အော်ဟစ်ခြင်းသည် ဥပဒေအထောက်အထားမရှိ၊ယုတ္တိလည်းမတန်

(GMT+08:00)2020-05-26 14:59:34  

ယခုလ ၂၄ရက်နေ့ ညနေပိုင်းက ကျင်းပသော ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ပြည် အပေါ် အရေးယူမည်ဟုပြောဆိုချက်များသည် အဖြစ်မှန်ဆိုင်ရာ အခြေခံအုတ်မြစ်မရှိ၊ ဥပဒေအထောက်အထားမရှိ၊ နိုင်ငံတကာရှေးထုံးလည်းမရှိကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရသိရသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ နိုင်ငံရေးသမားအချို့၏ “တရုတ်ပြည် အပေါ် အရေးယူမည်”ဟူသောပြောဆိုချက်၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ COVID-19 ခုခံကာကွယ်ရေး ရှုံးနိမ့်မှုဆိုင်ရာ အပြစ်လွှဲချရန် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် COVID-19 ၏ ဘေးဒုက္ခခံရသူလည်း ဖြစ်၍ “တရုတ်ပြည်အပေါ် အရေးယူမည်”ဟုလှုံ့ဆော်ခြင်းသည် ကျင့်ဝတ်တရားနှင့် ပင်ကိုယ်အသိဥာဏ်ကို ဆိုးရွားစွာကျောခိုင်းခြင်းဖြစ်ကြောင်း China Media Groupကဖော်ပြသည်။

နိုင်ငံတကာဥပဒေ၏ နိုင်ငံတော် အချုပ်အခြာအာဏာ ကင်းလွတ်စေရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွင် နိုင်ငံတစ်နိုင်ငံ၏ ဆောင်ရွက်မှုနှင့် ဓနဥစ္စာအပေါ် အခြားနိုင်ငံ များသည်  ဥပဒေပြုရေး၊ တရားရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အုပ်ချုပ်ပိုင်ခွင့် မရှိကြောင်း ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားသည်။ ဂျာမဏီ ပြည်ထောင်စုလွှတ်တော်မှ မကြာခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် တရုတ်ပြည်အပေါ် အမေရိကန်၏ လျော်ကြေးတောင်းယူခြင်းလုပ်ရပ်သည် အလွန် ယုတ္တိယုတ္တာမရှိကြောင်းဖော်ပြသည်။

“တရုတ်ပြည်ကိုအရေးယူခြင်း”ဟူသော အော်ဟစ်ခြင်းသည် အမေရိကန် နိုင်ငံရေး သမားအချို့၏ ဗိုလ်ကျစိုးမိုးရေးအတွေးအခေါ်နှင့် စံချိန်၂မျိုး ကျင့်သုံးခြင်းကို  နောက်ထပ် ပေါ်လွင်လာစေကြောင်း၊ ယနေ့ခေတ် တရုတ်ပြည်သည် နှစ်ပေါင်း ၁၀၀တုန်းက တရုတ်ပြည် မဟုတ်တော့ကြောင်း၊ ယနေ့ခေတ် ကမ္ဘာသည် နှစ်ပေါင်း ၁၀၀တုန်းက ကမ္ဘာလည်းမဟုတ်တော့ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ပြည်အပေါ် အရေးယူရန် ပြောဆိုဆောင်ရွက်ခြင်းကိုအသုံးပြုပြီး တရုတ်ပြည်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကျူးကျော်ထိပါးရန် ကြံစည်ခြင်းသည် စိတ်ကူးနှင့် ရူးနေခြင်းဖြစ်ပြီး ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မည်ဖြစ်ကြောင်း China Media Group ကဖော်ပြသည်။