张晓宁

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေးမှာ ဟူပေပြည်နယ်မှ လာတဲ့ အဲဒီကိုယ်စားလှယ်က ရှီကျင့်ဖိန်အား ဦးညွတ် အရိုအသေ ပြုတယ်

(GMT+08:00)2020-05-26 14:58:46  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေးရဲ့ ဟူပေ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲမှာ ဝူဟန့်မြို့က လာတဲ့ ကိုယ်စားလှယ် ယူချင်က ထင်မြင်ချက် စကားများ ပြောပြီးနောက် မတ်တပ်ရပ်ပြီး ဆွေးနွေးပွဲ ပါဝင်နေတဲ့ ရှီကျင့်ဖိန်အား ဦးညွတ် အရိုအသေ ပြုခဲ့တယ်။  

ယူချင်ဟာ ကျောင်းဆရာမ တစ်ဦး ဖြစ်တယ်။ COVID-19 ကူးစက်ရောဂါကြောင့် ဝူဟန့်မြို့ ပိတ်ထားခဲ့စဉ်တုန်းက သူမဟာ လူနေရပ်ကွက်မှာ စေတနာ့ဝန်ထမ်း တာဝန်ကို ထမ်းဆောင်ပြီး လူထုများရဲ့ နေထိုင်မှုဘဝနဲ့ ဆေးဝါးကုသရေး အတွက် ဝန်ဆောင်မှုများ ပေးနေခဲ့တယ်။

ယူချင်က၊ ကျွန်မရဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်မိသားစုလုံး ရောဂါ ကူးစက်ခံခဲ့ရတယ်၊ ယာယီဆေးရုံမှာ ဆေးဝန်များများက အချိန်မီ အစွမ်းကုန် ကုသပေးပြီးနောက် အားလုံး ပြန်လည် သက်သာလာခဲ့ကြတယ်။ လုပ်ဖေါ်ကိုင်ဖက်ရဲ့ သမီးက ကျွန်မကို စာရေးပြီး၊ ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်ကို စိတ်ရင်းသန့်သန့် ကျေးဇူးတင်ရှိကြောင်း၊ ဝူဟန့်ကို အကူအညီပေးခဲ့ဖူးသူများကို ကျေးဇူးတင်ရှိကြောင်း ရေးသားထားခဲ့တယ်လို့ ပြောတယ်။

ယူချင်က၊ ဒီနှစ် မတ်လ လဦးပိုင်းက ရှီကျင့်ဖိန်က ဝူဟန့်မြို့မှာ လေ့လာ ကြည့်ရှုရာမှာ ပြည်သူလူထုများရဲ့ အခြေခံ နေထိုင်မှုဘဝကို အာမခံပေးရမယ်၊ ဝူဟန့် မြို့သူမြို့သားများက လတ်ဆတ်တဲ့ ရေချိုငါးကို ကြိုက်တယ်၊ ရနိုင်တယ်ဆိုရင် များများ ဖြန့်ဖြူးပေးပါလို့ မှာကြား ခဲ့ဖူးတယ်။ ဝူဟန့်မြို့ ပိတ်ထားခဲ့စဉ်မှာ ရေထွက်ကုန်များ ဖြန့်ဖြူးရေးဌာနဟာ လူနေရပ်ကွက်များကို ရေချိုငါးများကို ဖြန့်ဖြူး ပို့ဆောင်ပြီး လူနေရပ်ကွက် ဝန်ထမ်းများက အိမ်တိုင်ရာရောက် ပေးဝေခဲ့တယ်။ ဒီအကြိမ် အစည်းအဝေး မတက်ရောက်ခင်က လူအများက ကျွန်မကို ရှာတွေ့ပြီး အခွင့်ကြုံရင် ပါတီအထွေထွေ အတွင်းရေးမှူးကို ကျေးဇူးတင်ရှိကြောင်း ပြောပေးပါ၊ ပါတီနဲ့ နိုင်ငံတော်ကို ကျေးဇူးတင်ရှိကြောင်း ပြောပေးပါ၊ ဟူပေနဲ့ ဝူဟန့်ကို အကူအညီပေးသူများကို ဦးညွတ် အရိုအသေ ပြုပေးပါလို့ အသီးသီး မှာကြားခဲ့တယ်လို့ ပြောခဲ့တယ်။