张晓宁

တရားမဥပဒေ ဓမ္မသတ်သည် အရည်အသွေး ပိုမိုမြင့်မားသော တရုတ်ပြည် စီမံအုပ်ချုပ်ရေးကို တွန်းအားပေးမည်

(GMT+08:00)2020-05-26 14:57:08  

ယခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများတွင် တရားမဥပဒေ ဓမ္မသတ် မူကြမ်းကို စိစစ်ခြင်းသည် လူအများ အာရုံအစိုက်ဆုံးသော ကိစ္စများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ စိစစ်ပြီး အတည်ပြု ပြဌာန်းမည် ဆိုလျှင် ၄င်း တရားမဥပဒေ ဓမ္မသတ်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ သမိုင်းကြောင်းတွင် ပထမဆုံးသော “ဓမ္မသတ်”ဟု အမည်ပေးထားသော ဥပဒေ ဖြစ်မည် ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်သည် တရုတ်ပြည်တွင် အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ပြီးစီးမည့် နှစ်တစ်နှစ်ဖြစ်ပြီး “၁၃ကြိမ်မြောက် ၅နှစ်” စီမံကိန်း၏ နောက်ဆုံးနှစ်လည်း ဖြစ်ကြောင်း၊ တရားမဥပဒေ ဓမ္မသတ်သည် တရုတ်ပြည်သူပြည်သားတိုင်း၏ နေထိုင်မှု အပေါ် နက်နဲသော ဂယက်ရိုက်ခတ်မှု ရှိမည့် အပြင် တရုတ်ပြည်၏ စနစ် အားသာချက်များကို ပိုမိုကောင်းမွန်စွာ ပြသကာ လူသားတို့၏ တရား ဥပဒေ စိုးမိုးရေး တိုးတက်မှု အတွက် အကြံပြုချက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း China Media Groupမှ သတင်းအရ သိရသည်။

တရားမဥပဒေ ဓမ္မသတ် ထုတ်ပြန်ကျင့်သုံးခြင်းသည် တရုတ်ပြည်တွင် အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ပြီးစီးရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရားမဥပဒေ ဓမ္မသတ်ကို လက်တွေ့ကျင့်သုံးရေးတွင် နိုင်ငံသားများ၏ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ အရည်အသွေးကို တဖြည်းဖြည်း တိုးမြှင့်ပြီး တစ်နိုင်ငံလုံး၏ တရားဥပဒေ စိုးမိုးရေး အရည်အချင်းကိုလည်း တိုးမြှင့်လိမ့်မည် ဖြစ်ကြောင်း၊ တရားမဥပဒေ ဓမ္မသတ်တွင် တရားမ အခွင့်အရေး အာမခံပေးရေး၊ တရားဥပဒေ တာဝန်ဝတ္တရား အားကောင်းစေရေးနှင့် လူမှုရေးစနစ် တည်ငြိမ်စေရေး စသည်များ ပါဝင်ကြောင်း၊ တရားမဥပဒေ ဓမ္မသတ်သည် ကောင်းမွန်သည့် ဥပဒေများဖြင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်ရေးကို ကျင့်သုံးရန် အရေးကြီး ကျားကန်ပေးချက် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

လူသားတို့၏ ယဉ်ကျေးမှု သမိုင်းကြောင်းတွင် ဓမ္မသတ်ကို ရေးဆွဲချမှတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံနှင့် အမျိုးသားတစ်ခု အနေနှင့် စည်ပင်သာယာ အင်အားတောင့်တင်း လာသည့် အမှတ်လက္ခဏာ ဖြစ်ကြောင်း၊ တရုတ် တရားမ ဓမ္မသတ် ထုတ်ပြန်ကျင့်သုံးခြင်းသည် တရုတ်ပြည်၏ ဥပဒေနှင့် အညီ နိုင်ငံတော်ကို ဘက်စုံ စီမံအုပ်ချုပ်ရေး ဖြစ်စဉ်အား တွန်းအားပေးပြီး အနာဂတ်တွင် တရုတ်ပြည်သူများ၏  ကောင်းမွန်သည့် နေထိုင်မှုကို ပိုမိုကောင်းမွန်စွာ အာမခံပေးကာ လူမှုရေး တရားမျှတမှုကို တိုးမြှင့်၍ အရည်အသွေး ပိုမိုမြင့်မားသော တရုတ်ပြည် စီမံအုပ်ချုပ်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။