张晓宁

တရုတ်ပြည်စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိကလုပ်ငန်းများ၏ လက်တွေ့ဖော်ဆောင်မှု ကြီးကြပ်ရေးကို NPC အာရုံစူးစိုက်မည်

(GMT+08:00)2020-05-26 14:56:35  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ပီကင်းမြို့တွင် ကျင်းပနေသည်။ ၂၀၂၀ပြည့်နှစ်တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီသည် တရုတ်စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိက လုပ်ငန်းများ၏ လက်တွေ့ဖော်ဆောင်မှု ကြီးကြပ်ရေးကို ဆက်လက် အာရုံ စူးစိုက်မည်ဖြစ်ကြောင်း ယမန်နေ့ ၂၅ ရက်နေ့က အစည်းအဝေးထံသို့ စိစစ်ရန် တင်သွင်းခဲ့သော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်း အစီရင်ခံစာတွင် ရေးသားဖော်ပြခဲ့သည်ဟုChina Media Groupမှ သတင်းအရ        သိရပါသည်။