马宁

အမှီအခိုကင်းစွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိသော ငြိမ်းချမ်းသည့် သံတမန်ရေး ပေါ်လစီကို တရုတ်ပြည် တစ်လျှောက်လုံး စွဲကိုင်သည်ဟု ဝမ်ယိဆို

(GMT+08:00)2020-05-25 08:56:57  

图片默认标题_fororder_王毅

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ပြည်အနေနှင့် အမှီအခိုကင်းစွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိသော ငြိမ်းချမ်းသည့် သံတမန်ရေး ပေါ်လစီကို တစ်လျှောက်လုံး စွဲကိုင်ကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ ပြောင်းလဲသည်ဖြစ်စေ၊ တရုတ်ပြည်သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကျိုးရရှိစေရေး မူဝါဒကို စွဲကိုင်မည်ဖြစ်ပြီး ကမ္ဘာ့အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် အတူဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး ရည်မှန်းချက်များကို စောင့်စည်းလိုက်နာကာ အခြားနိုင်ငံများနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၂၄ရက်နေ့က အလေးထား ပြောကြားခဲ့သည်ဟု China Media Grouprမှ သတင်းအရ သိရပါသည်။