马宁

ရောဂါအခြေအနေ ကြီးကြပ်မှု၊ ကြိုတင်သတိပေးမှုနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ရင်ဆိုင်နိုင်စွမ်း မြှင့်တင်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-05-25 12:18:56  

图片默认标题

  ယခုလ ၂၄ ရက်နေ့က ဟူပေပြည်နယ် ကိုယ်စားလှယ်များ၏ အစိုးရလုပ်ငန်း အစီရင်ခံစာ စိစစ်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ယခုအကြိမ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့် ရင်ဆိုင်ရာတွင် တရုတ်ပြည်၏ အများပြည်သူ့ကျန်းမာရေးစနစ်နှင့် ဆေးကုဝန်ဆောင်မှုစနစ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ကြသည်။ သို့သော် အားနည်းချက်လည်း ပေါ်လာခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ ကြီးကြပ်မှု၊ ကြိုတင်သတိပေးမှုနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ရင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ပြီး၊ ဆိုးရွားသည့် ရောဂါ ဖြစ်ပွားမှု ဆိုင်ရာ ဆေးကုကယ်ဆယ်ရေးစနစ်ကို ပြီးပြည့်စုံစေရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု China Media Group မှ သတင်းအရ သိရသည်။