马宁

လူမျိုးချင်း အထင်သေးမှု တမင် ပြုလုပ်နေတဲ့ နိုင်ငံရေးသမားတို့ဟာ အမေရိကန်မှာ ရန်ငြိုးထားမှုများ ဖြစ်စေပြီ

(GMT+08:00)2020-05-25 08:48:23  

  အခုလောလောဆယ်မှာ အမေရိကန်မှာ လူမျိုး ခွဲခြားရေးဝါဒဟာ ပြန်လည် ဦးမော့ လာနေတယ်။ အဲဒါဟာ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ခွဲလို့ မရဘူး။ COVID-19 ကူးစက်ရောဂါ ဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း အမေရိကန် နိုင်ငံရေးသမား တစ်ချို့ဟာ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ကိုယ့်တာဝန် ပျက်ကွက်မှုကို ဖုံးကွယ်နိုင်ဖို့ အတွက် လူမျိုးခွဲခြားရေးဝါဒကို အဆက်မပြတ် သွေးထိုးလှုံ့ဆော်ပြီး အမေရိကန်မှာ ရန်ငြိုးထားမှုနဲ့ လူမျိုးချင်း အထင်သေးမှုများ ပြင်းထန်ဆိုးဝါးလာစေတယ်။

图片默认标题_fororder_锐评2

  ကြာရှည်တဲ့သမိုင်းကာလအတွင်း ကူးစက်ရောဂါ ဖြစ်ပွါးခဲ့တဲ့အခါ အမေရိကန်ဟာ အမြဲဆိုသလို ရွှေ့ပြောင်းနေထိုင်သူများနဲ့ လူနည်းစုများကြောင့် ရောဂါ ကူးစက်မှု ဖြစ်စေတာ ဖြစ်တယ်လို့ အပြစ်တင်တတ်တယ်။ ဥပမာ ဆိုရရင်၊ ကာလဝမ်းရောဂါ ဖြစ်ပွါးခဲ့တဲ့အခါ အမေရိကန်က အိုင်ယာလန်လူမျိုးကို ပြစ်တင်တယ်၊ ပိုလီယို ဖြစ်ပွါး ခဲ့တဲ့အခါ အီတလီလူမျိုးကို အပြစ်တင်တယ်၊ တီဘီရောဂါနဲ့ ကျောက်ရောဂါ ဖြစ်ပွါးခဲ့တဲ့ အခါ အမေရိကန်က တရုတ်လူမျိုး၊ ဂျပန် လူမျိုးနဲ့ မက္ကဆီကို လူမျိုးကို ပြစ်တင်တယ်၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွါးခဲ့တဲ့အခါ ဟေဒီလူမျိုးကို အပြစ်တင်ပြီး အမေရိကန်ကို ဝင်ဖို့ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

图片默认标题_fororder_锐评1

  အခုလောလောဆယ်မှာလည်း အမေရိကန် နိုင်ငံရေးသမားတို့က အာရှလူမျိုးက COVID-19 ကူးစက်မှု ဖြစ်စေသူ ဖြစ်နိုင်အောင် လုပ်ကြံ သွေးထိုးနေတယ်။ အာရှ လူမျိုး၊ အာဖရိက လူမျိုး၊ လက်တင်အမေရိက လူမျိုး အပါအဝင် အသားဖြူ မဟုတ်တဲ့ အမေရိကန်နိုင်ငံသားများဟာ အခက်အခဲများစွာကို ကြုံတွေ့နေရပါတယ်။ တစ်ဖက်မှာ အမေရိကန် အစိုးရရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရာမှာ တာဝန် ပျက်ကွက်မှုကြောင့် အဲဒီလူမျိုးများရဲ့ အသက် လုံခြုံမှုဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်၊ တစ်ဖက်မှာ ကူးစက်ရောဂါ ဖြစ်ပွါးချိန်မှာ အဲဒီလူမျိုးများရဲ့ အလုပ်လက်မဲ့နှုန်း တရှိန်ထိုး တိုးလာနေတယ်။ ဒီ့ထက် ပို ဆိုးတာက အဲဒီလူမျိုးများဟာ လူမျိုးချင်း အထင်သေးမှုနဲ့ ရန်ငြိုးထားမှုကိုလည်း ရင်ဆိုင် နေရတယ်။ ဒီနှစ် ဧပြီလက ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှု ရလဒ်အရ၊ ကူးစက်ရောဂါ ဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း အာရှအနွယ်ဖွား အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းဟာ အာရှ လူမျိုးများကို ရည်ရွယ်တဲ့ ခြိမ်းခြောက်မှု သို့မဟုတ် အနှောင့်အယှက် ပြုမှုများတွေ့မြင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

图片默认标题_fororder_锐评3

  အမေရိကန်အိမ်ဖြူတော်နဲ့ လွှတ်တော်မှ လာတဲ့ လူမျိုး ခွဲခြားရေး သွေးထိုးလှုံ့ဆော်တဲ့ စကားများဟာ အမေရိကန် လူမျိုးရေးခွဲခြားမှုပဋိပက္ခများကို ပြင်းထန်ဆိုးဝါးလာစေပြီး ပြည်သူလူထုများထဲမှာ အန္တရာယ်ကြီးတဲ့ ရန်ငြိုးထားမှုများကို ဖန်တီးနေတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။