马宁

COVID-19ကူးစက်ရောဂါသည် တရုတ်–အာဆီယံဆက်ဆံမှုပိုမိုရင်းနှီးလာစေသည်ဟု ဝမ်ယိ ဆို

(GMT+08:00)2020-05-25 11:25:12  

图片默认标题_fororder_王毅3

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက COVID-19 ကူးစက်ရောဂါသည် တရုတ်—အာဆီယံ ဆံဆက်မှု ပိုမိုရင်းနှီးလာစေပြီး တရုတ်—အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေကြောင်း မေလ၂၄ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

  ဝမ်ယိက အခက်အခဲများကို ကြုံတွေ့ခဲ့ရသော်လည်း နှစ်ဖက်တို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခဲ့ကြောင်း၊ ယခုနှစ် ပထမ သုံးလပတ်က တရုတ်-အာဆီယံ ကုန်စည် ကူးသန်းရောင်းဝယ်မှု စုစုပေါင်း ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၄၀ ကျော် ရှိပြီး ၆.၁ ရာခိုင်နှုန်း တိုးတက်လာ၍ အာဆီယံအဖွဲ့သည် ပထမဆုံးအကြိမ် အဖြစ် တရုတ်ပြည်၏ အကြီးဆုံးသော ကုန်သွယ်မှုမိတ်ဖက် ဖြစ်လာကြောင်း ပြောကြားခဲ့သည်။