马宁

ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး ဟူပေပြည်နယ် ကိုယ်စားလယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်

(GMT+08:00)2020-05-25 11:26:18  

  မေလ၂၄ ရက်နေ့ ညနေပိုင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယ အကြိမ် အစည်းအဝေး ဟူပေပြည်နယ် ကိုယ်စားလယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

  ဟူပေပြည်နယ်သည် တရုတ်ပြည်တွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားခြင်းကို အစောဆုံး တင်ပြခဲ့သော ပြည်နယ် ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ကိုယ်တိုင် ဦးစီးကွပ်ကဲခြင်းဖြင့် ဝူဟန့်မြို့ အပါအဝင် ဟူပေပြည်နယ်၏ ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းသည် ၃လ အတွင်း အောင်မြင်မှုရရှိပြီး တရုတ် နိုင်ငံသည် ကူးစက်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သော့ချက်ကျသော မတ်လဆန်းတွင် ဟူပေပြည်နယ်ဝူဟန့်မြို့ သို့ ကိုယ်တိုင် သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။