马宁

ဟူပေပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ပွဲကို ရှီကျင့်ဖိန် တက်ရောက်(၂)

(GMT+08:00)2020-05-25 14:51:23  

  တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ၂၄ရက်နေ့ ညနေပိုင်းက ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယ အကြိမ် အစည်းအဝေးရဲ့ဟူပေပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ပွဲကို တက်ရောက်ခဲ့တယ်။

  ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ကြားနာပြီးတော့ ရှီကျင့်ဖိန်က ဒီအကြိမ် COVID-19ရောဂါဟာ ကျွန်တော်တို့ရဲ့ အောက်ခြေအဆင့် စီမံခန့်ခွဲရေး စနစ်နဲ့ စီမံ ခန့်ခွဲနိုင်စွမ်းကို စိန်ခေါ်ခဲ့တယ်၊ အဲဒီနယ်ပယ်မှာရရှိတဲ့ အောင်မြင်မှုတွေကို ပေါင်းရုံး သုံးသပ်ပြီး ပေါ်ပေါက်လာတဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ရမယ်လို့ ပြောကြားတယ်။