马宁

ဟူပေပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ပွဲကို ရှီကျင့်ဖိန် တက်ရောက်

(GMT+08:00)2020-05-25 14:50:24  

  တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ၂၄ရက်နေ့ ညနေပိုင်းက ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယ အကြိမ် အစည်းအဝေးရဲ့ဟူပေပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ပွဲကို တက်ရောက်ခဲ့တယ်။

  စိစစ်ပွဲမှာ ရှီကျင့်ဖိန်ဟာ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် လိုကျယ်ကို ချီးကျူးပါတယ်။ လိုကျယ်ဟာ ဟူပေပြည်နယ် ရှီယန့်မြို့ ထိုက်ဟိုဆေးရုံ ပါတီ ကော်မတီ အတွင်းရေးမှူး၊ ဆေးရုံ ဒါရိုက်တာ ဖြစ်ပါတယ်။ COVID-19ဖြစ်ပွားခဲ့တဲ့  နောက်ပိုင်းမှာ လိုကျယ်ဟာ ရှီယန့်မြို့ COVID-19ကုသရေး ပညာရှင်များအဖွဲ့ တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။  အသက် ၈၇နှစ်အရွယ်ရှိတဲ့ COVID-19ကူးစက်ခံရသူ တစ်ဦးဟာ လိုကျယ်ရဲ့ ဆေးကုသမှု ခံရပြီး နာလန်ပြန်ထူလာခဲ့တယ်။