马宁

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် တရားမကိုဓဥပဒေမူကြမ်းကို စိစစ်နေ

(GMT+08:00)2020-05-25 08:54:11  

图片默认标题

  တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် တရားမကိုဓဥပဒေမူကြမ်းကို စိစစ်နေပါသည်။ ယင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နောက်ပိုင်း ပထမဆုံးသော “ကိုဓဥပဒေ” ဖြင့် အမည်ပေးသည့် ဥပဒေ၊ ပထမ ဦးဆုံးသော ပုဒ်မ ၁၀၀၀ ကျော် ပါရှိသည့် ဥပဒေနှင့် ပထမ ဦးဆုံးသော စာလုံး ၁ သိန်းကျော် ရှိသည့် ဥပဒေ ဖြစ်ပါသည်။

  တရားမဥပဒေများ စနစ်တကျ ဖြစ်အောင် ပေါင်းချုပ်ခြင်းသည် တရုတ်ပြည် ဥပဒေများ စနစ်တကျ ဖြစ်ရေးဆိုင်ရာ အရေးကြီး ခြေလှမ်း တစ်လှမ်း ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး စည်းစနစ်နှင့် စီမံအုပ်ချုပ်စွမ်းအား ခေတ်မီရေးအတွက် အရေးကြီး စနစ်ဆိုင်ရာ အခြေခံအုတ်မြစ် ချထားပေးသည်။ တရားမကိုဓဥပဒေ၏ အမြုတေသည် ပြည်သူများ ဖြစ်ပြီး ပြည်သူများအတွက် ဥပဒေပြုခြင်း ဖြစ်၍ ပြည်သူများ၏ အခွင့်အရေးကို အဓိကထားပါသည်။ တရားမကိုဓဥပဒေကို ပေါင်းချုပ်ရာတွင် တရုတ်အမျိုးသား ယဉ်ကျေးမှု၏ အနှစ်သာရကျသည့် အောင်ကျိုးရလဒ်များနှင့် တရားမဥပဒေ၏ အနှစ်သာရ ကျသည့် အောင်ကျိုးရလဒ်များကို ဆက်ခံထားပါသည်။ တရားမကိုဓဥပဒေ ပေါင်းစပ်ရာတွင် သတင်းအချက်အလက်နှင့် ပတ်သက်သော အကြောင်းအရာများကို စံကိုက်အောင် လုပ်ဆောင်ထားသည်ဟု စီစီတီဗီ၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသား ဖေါ်ပြထားပါသည်။