李悦

တရုတ်ပြည်တွင် စားနပ်ရိက္ခာဖူလုံမှုအကျပ်အတည်း ဖြစ်ပွားမည်မဟုတ်ကြောင်း ဟန်ချမ်ပင်းဆို

(GMT+08:00)2020-05-23 15:28:27  

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး ဟန်ချမ်ပင်းက ယခုလ ၂၂ ရက်နေ့က ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး ပထမအကြိမ် ”ဝန်ကြီးများအင်တာဗျူး” လှုပ်ရှားမှုတွင် တရုတ်ပြည် တစ်ပြည်လုံးရှိ စားနပ်ရိက္ခာ အထွက်နှုန်း ပမာဏမှာ ၅နှစ် ဆိုက်တိုက် တန်ချိန်ပေါင်း သန်း၆၅၀ကျော်ရှိပြီး၊ လူတစ်ဦးပျမ်းမျှ စားနပ်ရိက္ခာပိုင်ဆိုင်မှု ပမာဏမှာ နိုင်ငံတကာ စားနပ်ရိက္ခာဖူလုံမှု စံနှုန်းထက် လွန်စွာများပြားသောကြောင့် တရုတ်ပြည်တွင် စားနပ်ရိက္ခာ ဖူလုံမှုအကျပ်အတည်း ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။