李悦

ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာကျင့်သုံးရေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတွက် အကြီးဆုံး အရင်းအမြစ် ဖြစ်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-05-23 15:27:00  

ယခုလ၂၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာ ကျင့်သုံးရေး ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတွက် အကြီးဆုံး အရင်းအမြစ် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ထိုနေ့က ရှီကျင့်ဖိန်က ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသမှ ကိုယ်စားလှယ်အဖွဲ့၏ အစိုးရ လုပ်ငန်း အစီရင်ခံစာ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ တရုတ်ဆိုရှယ်လစ်ဒီမိုကရေစီသည် ပြည်သူလူထုများ၏ အခြေခံအကျိုးစီးပွားကို ကာကွယ်ပေးသော အကျယ်ပြန့်ဆုံး၊ အစစ်မှန်ဆုံး၊ အသုံးအဝင်ဆုံးသည့် ဒီမိုကရေစီဖြစ်ကြောင်း၊ ပြည်သူ့ဒီမိုကရေစီကို ခိုင်မာစွာ စွဲကိုင်ပြီး ပြည်သူလူထုများ၏ ဉာဏ်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းများကို ပိုမိုကောင်းမွန်စွာ စုစည်းသင့်ကြောင်း ပြောကြားခဲ့သည်။