李悦

အမေရိကန် နိုင်ငံရေးသမားတို့သည် COVID-19ကြောင့် သေဆုံးသူဦးရေ ကိန်းဂဏန်းကို လီဆယ်ခိုင်း

(GMT+08:00)2020-05-23 15:28:51  

မကြာခင်က အမေရိကန် နိုင်ငံရေးသတင်းဝက်ဘဆိုက် The Daily Beastတွင် အမေရိကန်ခေါင်းဆောင်နှင့် အိမ်ဖြူတော်၏ COVID-19 ရင်ဆိုင်ရေး အဖွဲ့ဝင်များသည် အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာကို ဖိအားပေးနေပြီး COVID-19 ကြောင့် သေဆုံးသူဦးရေ တွက်ချက်သည့် နည်းလမ်းကို ပြောင်းလဲခိုင်းခဲ့ကြောင်း၊ အိမ်ဖြူတော်မှ ဖိအားပေးမှုကြောင့် မကြာခင်က အမေရိကန် ပြည်နယ်များစွာမှ ထုတ်ပြန်သည့် COVID-19 ကြောင့် သေဆုံးသူဦးရေသည် မူမမှန် ကျဆင်းခဲ့ကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရသိရသည်။

Minnesota တက္ကသိုလ် သုတေသနနှင့် မူဝါဒစင်တာမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်တွင် လက်ရှိအချိန် အမေရိကန်၏ COVID-19 ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု ကိန်းဂဏန်းကို စီးပွားရေးလှုပ်ရှားမှု ပြန်လည် လည်ပတ်ရန်နှင့် ကျောင်းပြန်ဖွင့်ရန် သီးခြား အကိုးအကားအဖြစ် ထား၍မရကြောင်း ဖော်ပြသည်ဟု ဒေသစံတော်ချိန် ယခုလ ၂၁ရက်နေ့က CNNက ဖော်ပြသည်။

အိမ်ဖြူတော်၏ အတင်းအကျပ် တွန်းအားပေးမှုကြောင့် အငြင်းပွားမှုများစွာ ရှိသော်လည်း အမေရိကန်သည် စီးပွားရေးလှုပ်ရှားမှုများကို ပြန်လည်လည်ပတ်၍  ပြည်နယ်အချို့တွင် COVID-19 ကူးစက်ခံရသူဦးရေ နောက်ထပ် တိုးလာသည်ဟု သက်ဆိုင်ရာစာရင်းအရ သိရသည်။

ယခုအမေရိကန်တွင် COVID-19ကြောင့် သေဆုံးသူဦးရေမှာ ၁သိန်းခန့်ရှိကြောင်း၊ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ ဒါရိုက်တာချုပ်ဟောင်းTom Friedenက အမေရိကန်သည် COVID-19 အခြေအနေ အဆိုးရွားဆုံးအချိန် မရောက်သေးဟု သတိပေး ပြောကြားကြောင်း၊ ဝါရှင်တန်မှ မူဝါဒချမှတ်သူများအနေနှင့် စီးပွားရေးလှုပ်ရှားမှု ပြန်လည် လည်ပတ်ခြင်းဖြင့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းကိုသာစဉ်းစားလျှင် ပိုမို များပြားသည့် အမေရိကန် ပြည်သူများ COVID-19 ကူးစက်ခံရပြီး ပိုမိုများပြားသည့် လူများ COVID-19 ကြောင့် အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။