李悦

အရေးကြီး တည်ဆောက်ရေး လုပ်ငန်း အစီအစဉ်များ တွန်းအားပေးရေးတွင် အသုံးကျ ထိရောက်သော ဆောင်ရွက်ချက်များ ကျင့်သုံးသင့်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-05-23 15:27:29  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ပီကင်းတွင် ကျင်းပလျက်ရှိသည်။ ယခုလ ၂၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်များနှင့် အစိုးရ လုပ်ငန်းအစီရင်ခံစာကို အတူစိစစ်ဆွေးနွေးခဲ့ကြသည်။ ရှီကျင့်ဖိန်က အရေးကြီး တည်ဆောက်ရေး လုပ်ငန်း အစီအစဉ်များ တွန်းအားပေးရေးနှင့် အောက်ခြေအဆင့် စီမံအုပ်ချုပ်နိုင်စွမ်း တိုးမြှင့်ရေး စသည့် နယ်ပယ်များတွင် ထိရောက်သော ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး အကျပ်အတည်းနှင့် ရင်ဆိုင်ရာတွင် လက်ဦးမှုရယူသင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။