李悦

ပြည်သူများအတွက် ချမ်းသာသုခကို ဖန်တီးပေးခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ ကေဒါ ခေါင်းဆောင်များ၏ အကြီးဆုံး နိုင်ငံရေးလုပ်ငန်းအောင်မြင်မှုပင်ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2020-05-23 15:26:37  

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ပီကင်းမြို့၌ ကျင်းပနေပါသည်။ မေလ ၂၂ရက်နေ့က အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသမှ ကိုယ်စားလှယ်များ၏ အစိုးရ လုပ်ငန်း အစီရင်ခံစာကို စိစစ်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ကေဒါခေါင်းဆောင်များသည် ပြည်သူ့များအတွက် ချမ်းသာသုခ ဖန်တီးပေးခြင်းကို အရေးအကြီးဆုံးသော နိုင်ငံရေးလုပ်ငန်းအောင်မြင်မှုအဖြစ် သဘောထားသင့်ကြောင်း၊ ကေဒါခေါင်းဆောင်များ၏ အခွင့်အာဏာသည် ပါတီနှင့် ပြည်သူများက အပ်နှင်းထားခြင်းဖြစ်ပြီး ပါတီနှင့်ပြည်သူများအတွက် လုပ်ဆောင်ပေးရမည် ဖြစ်ကာ ပြည်သူများ အကျိုးအတွက်သာ ဆောင်ကြဉ်းရမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် အဂတိ လိုက်စားမှုကို ဦးလည်မသုန် တိုက်ဖျက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။