宋冉

စမတ်နည်းပညာဖြင့် လူနေရပ်ကွက်မှာ COVID-19တိုက်ဖျက်ရေးကို အထောက်အကူပြုနေဟု တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ကော်မတီဝင်ဆို

(GMT+08:00)2020-05-22 11:16:41  

ယခုလ ၂၁ရက်နေ့က ပီကင်းတွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် လျူဝေသည် AI၊ မြန်နှုန်းမြင့်ရထားနှင့် 5Gကိုယ်စားပြုသော အခြေခံ အဆောက်အုံ တည်ဆောက်နိုင်စွမ်းသစ်၊ အထူးသဖြင့် အဆင့်မြင့် သိပ္ပံနည်းပညာများသည် တရုတ်စီးပွားရေး တိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးနေကြောင်း၊ COVID-19ရောဂါကာကွယ်တိုက်ဖျက်ရာတွင် ကွမ်ကျူးမြို့မှာ လူ၇သောင်းရှိသော လူနေရပ်ကွက်တစ်ခု၌ ကွန်ရက်စီမံခန့်ခွဲသူ၇ဦးသာ သိပ္ပံနည်းပညာဖြင့် ကိုယ်ပူချိန်တိုင်းခြင်းနှင့် ဇယားဖြည့်ခြင်းစသော COVID-19ရောဂါ ကာကွယ်တိုက်ဖျက်ရေး တာဝန်များကို လုပ်ဆောင် ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းသည် သမားရိုးကျ လူအားဖြင့် လုပ်နိုင်သည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။