宋冉

အကျိုးစီးပွါးဆိုင်ရာ လောဘကြီးတဲ့ ပွန်ပေအိုဟာ အမေရိကန်ကို ဘေးအန္တရာယ်ပေးနေတဲ့ “နိုင်ငံရေး ဗိုင်းရပ်စ်” ဖြစ်တယ်

(GMT+08:00)2020-05-22 09:07:00  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုသည် မကြာခင်က ကြေညာချက် ထုတ်ပြန်ပြီး ထိုင်ဝမ်ဒေသ ခေါင်းဆောင် ဆိုက်ယင်းဝင် ဖြစ်လာခြင်းကို ထောမနာ ပြုခဲ့ ပါတယ်။ ပွန်ပေအိုက ဆိုက်ယင်းဝင်ကို “သမ္မတ”လို့ ခေါ်ပြီး အမေရိကန်-ထိုင်ဝမ် ဆက်ဆံမှုကိုလည်း “မိတ်ဖက် ဆက်ဆံမှု” အဖြစ် ခေါ်ခဲ့တယ်။ အဲဒါဟာ ပြီးခဲ့တဲ့ နှစ်၃၊၄ ဆယ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ်နဲ့ ပထမဆုံးအကြိမ် ထိုင်ဝမ်ဒေသက ခေါင်းဆောင် ရာထူးထမ်းဆောင်ခြင်းကို လူသိရှင်ကြား ထောမနာ ပြုခြင်း ဖြစ်တယ်။ အဲဒီလုပ်ရပ်ဟာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနဲ့ တရုတ်-အမေရိကန် ပူးတွဲ ကြေညာစာတမ်း သုံးရပ်ပါ သတ်မှတ်ချက်များကို ပြင်းထန်စွာ ဖောက်ဖျက်ပြီး တရုတ် ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ကာ တရုတ်နိုင်ငံအား ပြောင်ပြောင် တင်းတင်း ရန်စတာပဲ ဖြစ်တယ်။ အဲဒါဟာ ပွန်ပေအိုက ကိုယ်ကျိုးစီးပွါး ရယူရေးအတွက် အမေရိကန်ရဲ့ နိုင်ငံတော် အကျိုးစီးပွါးနဲ့ နောက်ထစ်တစ်ကြိမ် အလောင်းအစား ပြုလုပ် နေတယ်ဆိုတာကို ပြဆိုနေတာပဲဖြစ်တယ်။

ကြာရှည်တဲ့ကာလအတွင်းမှာ ထိုင်ဝမ်ဟာ တရုတ်ပြည်ကို အဟန့်အတားပြုနိုင်ဖို့ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ “စစ်တုရင်ရုပ်” ပဲဖြစ်တယ်။ တရုတ်ပြည် တစ်ပြည်တည်း သာရှိရေးမူဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ သဘောတူညီမှု ဖြစ်ပြီး ဘယ်လိုဘဲ ရန်စရန်စ နောက်ဆုံးမှာ ရှုံးနိမ့်သွားမှာ သေချာတယ်ဆိုတာ သိရက်သားနဲ့ ဒီလို ဇွတ်အတင်း လုပ်နေတဲ့ ပွန်ပေအိုရဲ့ ရည်ရွယ်ချက်ဟာ တရုတ်ပြည်အား ဆန့်ကျင့်တာကနေ နိုင်ငံရေးဆိုင်ရာ မဲဆွယ်နိုင်ဖို့၊ ကိုယ်ကျိုးစီးပွါး ရှာကြံနိုင်ဖို့ ဖြစ်တာ ထင်ရှားသိသာပါတယ်။

ဒါကြောင့် ပွန်ပေအိုဟာ အမေရိကန် ကူးစက်ရောဂါကို တုံ့ပြန် ဆောက်ရွက်ရာမှာ ပြည်သူပြည်သားများရဲ့ အသက်လုံခြုံမှုကို အလေးမထားဘဲ နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို အသုံးပြုပြီး နေရာတကာမှာ သူများကို ပုတ်ခတ်ပြောဆိုခြင်းကိုပဲ အလေးထား ပြုလုပ် နေတယ်။ အကျိုးစီးပွါးဆိုင်ရာ လောဘကြီးတဲ့ ပွန်ပေအိုဟာ အမေရိကန်ကို ဘေးအန္တရာယ် ပေးနေတဲ့ “နိုင်ငံရေး ဗိုင်းရပ်စ်” ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။