宋冉

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့်တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နှစ်ပတ်လည်အစည်းအဝေးသည် တရုတ်အနာဂတ်၅နှစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို လမ်းညွှန်ပေးမည်ဟု ဆာဗီးယားပညာရှင်ဆို

(GMT+08:00)2020-05-22 11:16:04  

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးကို ပြည်တွင်းပြည်ပ ပညာရှင်များက အာရုံစူးစိုက်ကြသည်။ ဆာဗီးယား နိုင်ငံတကာ နိုင်ငံရေး စီးပွားရေး သုတေသနဌာနမှ ပညာရှင်၊ “Belt and Road”ဒေသ သုတေသနစင်တာ ဌာနမှူး အစ်ဗိုနာက လက်ရှိ တစ်ကမ္ဘာလုံးမှာCOVID-19ရောဂါ ပြန့်ပွားနေသည့် အခြေအနေတွင်  တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးသည် တရုတ် အနာဂတ် ၅နှစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ COVID-19ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။