宋冉

WHO၏ COVID-19ဆိုင်ရာဆုံးဖြတ်ချက်ကို ကြိုဆိုသည်ဟု တရုတ်ဆို

(GMT+08:00)2020-05-21 12:54:32  

ယခုလ ၂၀ ရက်နေ့က ပီကင်း၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၇၃ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ၁၉ ရက်နေ့က COVID-19ဆိုင်ရာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကျောက်လိကျန်းက ဆုံးဖြတ်ချက်တွင် WHO၏ သော့ချက်ကျသော ဦးဆောင်မှုအခန်းကဏ္ဍကို အတည်ပြု ထောက်ခံကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအနေနှင့် အထင်သေးမှု၊ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုမှုကို  ကြိုတင်ကာကွယ်ရန်၊ သတင်းအချက်အလက်အတုများကို ဆန်ကျင့်တိုက်ဖျက်ရန်၊  ရောဂါ တိုင်းတာစစ်ဆေးရေးကိရိယာ၊ နည်းလမ်း၊ ဆေးဝါး၊ ကာကွယ်ဆေးနှင့် ဗိုင်းရပ်စ်၏ တိရစ္ဆာန် မြစ်ဖျားခံ အရင်းအမြစ် စသော နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ WHO၏ ကူးစက်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို အချိန်သင့်လျော်စွာ အကဲဖြတ်ရန် ပန်ကြားထားကြောင်း၊  ယင်းသည် တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားနှင့်လည်းကိုက်ညီပြီး ကမ္ဘာ့နိုင်ငံအများစုကြီး၏ တူညီသော ဆန္ဒ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။