宋冉

ကာကွယ်ဆေးသည် လူအနည်းစု၏ ဇိမ်ခံပစ္စည်းမဟုတ်၊ လူအားလုံးကိုပံ့ပိုးသင့်ဟု ဥရောပသမဂ္ဂ ကော်မတီဥက္ကဋ္ဌဆို

(GMT+08:00)2020-05-21 12:52:04  

ဒေသစံတော်ချိန် မေလ ၁၉ ရက်နေ့ကဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ Ursula von der leyenသည် ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ဥရောပသမဂ္ဂအနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တိုက်တွန်းလှုံ့ဆော်ချက်ကိုတက်ကြွစွာတုံ့ပြန်ပြီး COVID-19 ကာကွယ်ဆေးသုတေသနပြုရေးအတွက် အချိန်မီငွေကြေးစုဆောင်းကာ အကယ်၍ ကာကွယ်ဆေးဖေါ်ထုတ်လျှင် လူအားလုံးကိုအသုံးပြုရန် ပံ့ပိုးမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးသည် လူအနည်းစုသာပိုင်ဆိုင်သည့် ဇိမ်ခံပစ္စည်း မဖြစ်သင့်ဘဲကျယ်ပြန့်စွာအသုံးပြုနိုင်မည့် အများပြည်သူသုံးကုန်ပစ္စည်းသာဖြစ်မည်ဟု ပြောကြား ပါသည်။