宋冉

တရုတ်နှင့်အာဆီယံ ကူးစက်ရောဂါပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုနှီးနှောဖလှယ်ပွဲကျင်းပ

(GMT+08:00)2020-05-21 13:15:26  

ယခုလ ၂၀ ရက်နေ့က တရုတ်-အာဆီယံ ကုန်သွယ်ရေးကောင်စီက ဦးစီးကျင်းပသော တရုတ်နှင့်အာဆီယံ ကူးစက်ရောဂါပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် သံအမတ်ဟောင်းများ၊ အာဆီယံရေးရာဆိုင်ရာ တရုတ်နာမည်ကျော်ပညာရှင်များ၊ အာဆီယံနိုင်ငံများဆိုင်ရာ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အွန်လိုင်းမှတစ်ဆင့် အတူတူကူးလူးဖလှယ်ခဲ့ကြပါသည်။

တရုတ်-အာဆီယံကုန်သွယ်ရေးကောင်စီ အမှုဆောင်ဥက္ကဋ္ဌ ရွှီနင်နင်က ၂၀၂၀ ပြည့်နှစ်သည် တရုတ်-အာဆီယံ ဒီဂျီတယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်ဖြစ်ပြီး နှစ်ဖက် တာဝေး ဆေးဝါးကုသရေးဝန်ဆောင်မှု၊ အီးကုန်သွယ်မှု၊ အွန်းလိုင်းကူးသန်းရောင်းဝယ်မှု စသည့်ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေးသည် အချိန်ကောင်းဖြစ်ကြောင်း ပြောကြားပါသည်။