辛甜

ကိုယ့်အပြစ်ကို သူများအပေါ် လွှဲချပစ်လေ့ ရှိတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးသလို လုပ်နေ

(GMT+08:00)2020-05-21 11:15:02  

ဒီလ ၁၈ ရက်နေ့မှာ အမေရိကန် ခေါင်းဆောင်က လူမှုကွန်ရက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဒါရိုက်တာချုပ် Tedros အား ပေးတဲ့ စာတစ်စောင်ကို ထုတ်ပြန်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဟာ ရက် ၃၀ အတွင်း အရေးကြီး ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရမယ်၊ သို့မဟုတ်ရင် အမေရိကန်က ငွေကြေးထုတ်ပေးမှုကို ထာဝစဉ် ရပ်စဲပြီး အဖွဲ့မှ နုတ်ထွက်ဖို့ကိစ္စလည်း စဉ်းစားမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ ပြီးခဲ့တဲ့ တစ်လကျော်တုန်းကလည်း အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှုလုပ်တာကို အလွန်ညံ့တယ်လို့ ပုတ်ခတ်စွပ်စွဲပြီး ငွေကြေး ထုတ်ပေးမှုကို ယာယီ ရပ်စဲခဲ့တယ်။ ဒီတစ်ခါ ဆိုရင် ကိုယ့်အပြစ်ကို နောက်ထပ်တစ်ကြိမ် သူများအပေါ် လွှဲချပစ်ခြင်း ဖြစ်ပြီး မရိုးသားဘူးလို့ ဆိုနိုင်ပါတယ်။ အမေရိကန်မှာ ကူးစက်ရောဂါ ထိန်းချုပ်မှု ကမောက်ကမ ဖြစ်နေလို့ မုသားစကားပဲ ပြောလေ့ရှိတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ဟာ ကိုယ့်တာဝန် ပျက်ကွက်မှုကို ဖုံးကွယ် လွှဲရှောင်နိုင်ဖို့ ဒီလိုလုပ်တာ ဖြစ်တယ်လို့ ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားကြတယ်။

အဲဒီလို ပုံစံအမျိုးမျိုးဖြစ်တဲ့ အပြစ်လွှဲချခြင်းများထဲမှာ တရုတ်ပြည်ကို ရည်ရွယ်တဲ့ဟာ အများဆုံး ဖြစ်တယ်။ ပြီးခဲ့တဲ့ လေးလအတွင်း အမေရိကန် နိုင်ငံရေး သမားတို့က “ဝူဟန့်ဗိုင်းရပ်စ်”ရယ်၊ “တရုတ် ဗိုင်းရပ်စ်”ရယ်၊ “တရုတ် စမ်းသပ်ခန်းမှ ယိုထွက်တာ”ရယ်၊ “တရုတ်ပြည်အား လျော်ကြေးတောင်းရတာ”ရယ် စတာတွေကို အထောက်အထား လုံးဝမရှိဘဲ ဆက်တိုက် ပုတ်ခတ် ပြောဆိုပြီး အလုပ်များလိုက်တာ ခဏလောက် အနားယူ ရေသောက်ဖို့ အချိန်တောင် မရှိဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် မုသားစကားဟာ မုသားစကားပဲ ဖြစ်ပြီး သိပံ္ပပညာ အဖြစ်မှန် ရှေ့မှောက်မှာ မုသားစကား ဖြစ်တယ် ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြတယ်။ အဲဒါကြောင့်ပဲ အမေရိကန် နိုင်ငံရေးသမားတို့က တရုတ်ပြည်ကို ရည်ရွယ်တဲ့ အပြစ်လွှဲချပစ်မှုဟာ ခက်လွန်းအားကြီးတာ ဖြစ်တယ်လို့ ခံစားပြီး ပိုမိုများပြားတဲ့ အပြစ်လွှဲချပစ်နိုင်ဖို့ “ဓါးစာခံ”ကို စတင် ရှာကြံခဲ့တယ်။ အမေရိကန်နိုင်ငံရေးသမားတို့ဟာ ပြည်တွင်း နိုင်ငံရေးဆိုင်ရာ ပြိုင်ဘက်တို့ကို စတင် ပုတ်ခတ် ပြောဆိုခဲ့တယ်၊ အများပြည်သူကျန်းမာရေးဌာနများ၊ သိပံ္ပပညာရှင်များနဲ့ ပဋိပက္ခလည်း တစ်နေ့ထက်တစ်နေ့ ပြင်းထန်ဆိုးရွားလာတယ်။ ပြည်ပမှာ ဆိုရင် အမေရိကန် နိုင်ငံရေးသမားတို့က ကိုယ့်ရဲ့ မဟာမိတ်နိုင်ငံများရဲ့ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ပစ္စည်းများကိုတောင် အကြိမ်ကြိမ် လုယူခဲ့တယ်။ ဒီ့ထက် ပိုဆိုးတာက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို ကိုယ့်စိတ်ဆိုးမှုဖြေတဲ့ ပစ်မှတ် အဖြစ် ထားပြီး အကြိမ်ကြိမ် ပြစ်တင်နေခဲ့တယ်။

အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ အရှက်မရှိ လုပ်ရပ်တွေဟာ အမေရိကန်က နိုင်ငံတကာမိသားစုကြီးနဲ့ ဝေးသည်ထက် ဝေးလာစေနိုင်မှာ ဖြစ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို လုပ်နေတာပဲလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။