宋冉

ထရန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပေးပို့သောစာတွင် အဖြစ်မှန်နှင့်ပတ်သက်ပြီးမှားယွင်းမှုရှိသည်ဟု The Lancet အယ်ဒီတာချုပ်ဆို

(GMT+08:00)2020-05-21 13:16:08  

 ဒေသစံတော်ချိန် မေလ ၁၉ ရက်နေ့က နာမည်ကျော်ဆေးပညာမဂ္ဂဇင်း The Lancet သည် ကြေညာချက်ထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတထရန့်သည် မေလ ၁၈ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပေးပို့သောစာတွင် အဖြစ်မှန်နှင့်ပတ်သက်ပြီးမှားယွင်းမှုရှိသည်ဟု ဖေါ်ပြပါသည်။

       ထရန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံသို့ ရေးသာသောစာတွင် အမေရိကန်အစိုးရစုံစမ်းစစ်ဆေးမှုဖြင့် The Lancet အပါအဝင် သက်ဆိုင်ရာဌာနများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်း သို့မဟုတ် ပိုစောသောကာလတွင် ဝူဟန့်၌ ဗိုင်းရပ်စ်ပျံ့နှံ့နေခြင်းဆိုင်ရာ ရေးသားဖေါ်ပြချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လျစ်လျူရှုကြောင်း ရေးသားထားပါသည်။

       ယင်းနှင့်ပတ်သက်၍ The Lancet အယ်ဒီတာချုပ် Richard Horton က ထရန့်၏ ကြေညာချက်တွင် အဖြစ်မှန်နှင့်ပတ်သက်သော မှားယွင်းမှုရှိကြောင်း၊ The Lancet မဂ္ဂဇင်းတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလဆန်းပိုင်းက ဗိုင်းရပ်စ် သို့မဟုတ် ကူးစက်ရောဂါ ဝူဟန့် သို့မဟုတ် တရုတ်အခြားဒေသ၌ ပျံ့နှံ့သော အစီရင်ခံစာကို ထုတ်ပြန်ခြင်းမရှိကြောင်း၊ The Lancet ထုတ်ပြန်သော ပထမပုဒ် သက်ဆိုင်ရာ ရေးသားဖေါ်ပြချက်သည် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုပါသည်။