宋冉

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထာဝရဆက်ဆံသွားရမယ့် အိမ်နီးခြင်းမိတ်ဆွေနိုင်ငံပါ။

(GMT+08:00)2020-05-21 16:26:43  

အခုနှစ်မှာ သံအဆက်အသွယ်ထားရှိခဲ့တဲ့ နှစ် (၇၀)ပြည့်နှစ်လည်း ဖြစ်တယ်။ ဒီနှစ် နှစ်စမှာလည်း တရုတ်သမ္မတ ရှိကျင့်ဖျင်ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်။ ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားချိန် ကာလမှာလည်း တရုတ်နိုင်ငံကမြန်မာနိုင်ငံအတွက် ကုသရေးပညာရှင်တွေအပါအ၀င် ကုသရေးနဲ့သက်ဆိုင်တဲ့ဆေးပစ္စည်းများစွာ ပေးပို့မှုကို ရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။ အခုလည်း နှစ်နိုင်ငံသမ္မတခြင်း တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆို ကြတယ်ဆိုတော့ တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အလားအလာကောင်းတွေ ရှိလာမယ်လို့ ပိုမို မျှော်လင့်ရပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းတွေ ပိုမိုချောမွေ့အဆင်ပြေဖို့ မြန်မာပြည်သူတွေက အထူးလိုလားကြချိန်မှာ အခုလို နှစ်နိုင်ငံခေါင်းဆောင်ခြင်း ပြောဆိုဆွေးနွေးမှုတွေ ရှိတာ ရလဒ်ကောင်းတွေ ဆက်လက်ပေါ်ထွက်လာမယ်လို့ ယူဆပါတယ်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို အခုလို အချိန်မှာ အခက်အခဲတွေရှိပေမယ့် သူ့ဘက်ကိုယ့်ဘက်မျှမျှတတ ဆောင်ရွက်သွားနိုင်မှသာ ကျွဲကူးရေပါဆိုသလို ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းအပါအ၀င် မြန်မာ-တရုတ်စီးပွားရေး စင်္ကြံ စီမံကိန်းတွေ၊ ကျောက်ဖြူစက်မှုဇုံစီမံကိန်းတွေ၊ မြို့သစ်စီမံကိန်းတွေ အားလုံး ပိုမိုအဆင်ပြေဖို့ မျှော်လင့်ရပါမယ်။

图片默认标题_fororder_2011796833