邹立莹

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာမိသားစုကြီးက ထိုင်ဝမ် သီးခြားတည်ရှိရေး အပေါ် သဘောထားပဲ ဖြစ်တယ်

(GMT+08:00)2020-05-20 14:25:34  

图片默认标题_fororder_1

图片默认标题_fororder_2

မေလ ၁၈ ရက်နေ့က ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ သဘာပတိက၊ ဒီအကြိမ် အစည်းအဝေးမှာ နိုင်ငံ တစ်ခုတလေက တင်ပြတဲ့ “ထိုင်ဝမ်အား အကဲဖြတ် အနေနဲ့ ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်ဖို့ ဖိတ်ကြားရန်” အဆိုပြုချက်မူကြမ်းကို မဆွေးနွေးပါကြောင်း ကြေညာခဲ့တယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက၊ အဲဒီ ထိုင်ဝမ်သီးခြားတည်ရှိရေးဟာ ထွက်လမ်းမရှိကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ ထိုင်ဝမ် ပြဿနာကို ကြိုးကိုင် လုပ်ကြံခြင်းဟာ လူအများရဲ့ ဆန္ဒနဲ့ မကိုက်ညီကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ တူညီတဲ့ အမြင်သဘောထားဖြစ်ကြောင်း စတာတွေကို ပြဆိုနေတယ်လို့ ၁၉ ရက်နေ့က ပြောကြားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂဌာန တစ်ခု ဖြစ်ပြီး ထိုင်ဝမ်က တရုတ်ပြည်ရဲ့ ဒေသ တစ်ခု အဖြစ်နဲ့ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ ပါဝင်ဖို့ အရည်အချင်း မရှိဘူး။ ထိုင်ဝမ် မင်ကျင့်တန် ပါတီ အာဏာ ရခဲ့ပြီးနောက် ချစ်ကြည်ရေးနိုင်ငံ ဆိုတာကို အားကိုးပြီး ကမ္ဘာ့ကျန်းမာရေး ညီလာခံမှာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အဆိုပြုချက် မူကြမ်းကို ၄ နှစ် ဆက်တိုက် တင်ပြခဲ့ပြီး အားလုံး ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိတဲ့ အဖြစ်မှန်ဟာ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဗိုလ်ကျစိုးမိုးရေးကို ပြုလုပ်နေတဲ့ အမေရိကန်ကလည်း အဲဒီအဖြစ်မှန်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ စီစီတီဗီမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။