徐敏霞

ရှီကျင့်ဖိန်သည် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗီဒီယိုအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြား၊ လူသားကျန်းမာရေးအသိုက်အဝန်း တည်ထောင်ရန် ပန်ကြား

(GMT+08:00)2020-05-19 09:19:18  

图片默认标题_fororder_wKgACl7CmIKAB1utAAAAAAAAAAA107.900x662.750x552

ပီကင်းစံတော်ချိန် ယခုလ ၁၈ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗီဒီယိုအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးနောက် ဖြစ်ပွါးခဲ့သည့် အပြင်းထန်ဆုံးသော နိုင်ငံတကာ အများပြည်သူကျန်းမာရေးဆိုင်ရာ အရေး ဖြစ်သည့် COVID-19 ကူးစက်ရောဂါကို ရင်ဆိုင်လျက် နိုင်ငံအသီးသီးမှ ပြည်သူများသည် ရဲဝံ့စွာ ချီတက်ပြီး အေးအတူ ပူအမျှ အပြန်အလှန် ထောက်ပံ့ကူညီခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် ပြည်သူများကို အရင်းခံအဖြစ်ထားခြင်းနှင့် ပြည်သူများ၏အသက်ကို ထိပ်ဆုံးနေရာ ထားခြင်းကို စွဲကိုင်ပြီး ပွင့်ပွင့်လင်းလင်း ဖြစ်ခြင်းနှင့် တာဝန်ယူခြင်း သဘောထားကို တစ်လျှောက်လုံး စွဲကိုင်၍၊ လူသားကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်ကို တစ်လျှောက်လုံးစွဲကိုင်ထားကြောင်း၊ ပြည်တွင်းမှ ပြည်သူများ၏ အသက် လုံခြုံမှုနှင့် ကျန်းမာရေးအပေါ် တာဝန်ယူသည့်အပြင် နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး အတွက်လည်း တာဝန် ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မျက်မှောက် အချိန်တွင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကို အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်သည့် အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်ခြင်းကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများအား ထောက်ခံမှုကို တိုးမြှင့်ပြီး နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး စီမံခန့်ခွဲမှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ စီးပွါးရေး လူမှုရေး ဖွံ့ဖြိုးမှု နာလန် ပြန်ထူလာအောင် ဆောင်ရွက်ပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံသည် လာမည့် နှစ် နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကို ထောက်ပံ့ကူညီပေးပြီး ကူးစက်ရောဂါ၏ ထိခိုက် ဂယက်ရိုက်ခတ်မှု ခံရသော နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးနှင့် စီးပွါးရေး လူမှုရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအား ထောက်ခံရန် အသုံးပြုမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ပြီး တရုတ်နိုင်ငံ၌ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အရေးပေါ် ဂိုဒေါင်နှင့် အချက်အချာများကို ထားရှိမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ကုန်ပစ္စည်းများ ဖြန့်ဖြူးမှု ကွင်းဆက်ကို အစွမ်းကုန် အာမခံပေးမည် ဖြစ်ပြီး ပို့ဆောင်ရေးနှင့် Customs clearance အစီအစဉ်များ အဆင်ပြေ အစိမ်းရောင်လမ်းကြောင်းကို ထားရှိပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်နှင့် အာဖရိက ဆေးရုံ ၃၀ ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထားရှိမည် ဖြစ်ပြီး အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ ရုံးချုပ် တည်ဆောက်ခြင်းကို တွန်းအားပေးမည် ဖြစ်၍ အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စွမ်းအား တိုးမြှင့်ရေးကို အကူအညီပေးမည် ဖြစ်ကြောင်း၊ တရုတ်ပြည် COVID-19ကာကွယ်ဆေး လေ့လာ ဖေါ်ထုတ်ပြီး အသုံးပြုပြီးနောက် နိုင်ငံတကာ အများပြည်သူ သုံးကုန်အဖြစ် အသုံးပြုမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အဆင်းရဲဆုံးသော နိုင်ငံများ၏ ကြွေးမြီ ပြန်ဆပ်မှု ခေတ္တယာယီဆိုင်းငံ့ထားရေး ကမ်းလှမ်းချက်ကို ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးနှင့်အတူ ကူးစက်ရောဂါ အလွန် ပြင်းထန်သည့် ဖိအား အလွန်ကြီးသည့်နိုင်ငံများ မျက်မှောက် အခက်အခဲများ ကျော်လွှားနိုင်ရန် ထောက်ခံမှုကို တိုးဖြည့်လိုကြောင်း ပြောကြားပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက၊ နိုင်ငံစုံဝါဒကို ထောက်ခံကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း၊ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ထောက်ခံကြောင်း ဖေါ်ပြကြပါသည်။