辛甜

ထရန့်သည် လူမျိုးချင်း ရန်ငြိုးထားမှုကို သွေးထိုးလှုံ့ဆော်၊ လူမျိုးချင်း ရန်ငြိုးထားမှု ဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ ဥရောပနှင့် အမေရိကန်၌ ပျံ့နှံ့နေ

(GMT+08:00)2020-05-17 14:46:49  

图片默认标题_fororder_1

ယခုနှစ် ဇန်နဝါရီလ လကုန်ပိုင်းက တရုတ်အနွယ်ဖွား ဗြိတိန်နိုင်ငံသား ဟာသဇာတ်မြူးသရုပ်ဆောင်တစ်ဦးက လူမှုကွန်ရက်မှာ တွစ်တာ ရေးသားပြီး၊ ဗြိတိန်မှာ လူ ၁ သိန်းထဲမှာ  တရုတ်လူမျိုး ၁ ဦးက COVID-19 ကူးစက် ခံရတာ ဖြစ်ချင် ဖြစ်မယ်၊ ဒါပေမယ့် COVID-19 ကြောင့် အထင်သေးမှု ခံရတာကတော့ ရာနှုန်းပြည့်နီးပါး ဖြစ်တယ်လို့ ဖေါ်ပြထားတယ်။

မတ်လ ၁၆ ရက်နေ့က အမေရိကန် သမ္မတ ထရန့်က ပထမဆုံးအကြိမ် လူမှုကွန်ရက်မှာ COVID-19 ကို တရုတ်ဗိုင်းရပ်စ်လို့ ခေါ်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံး တရုတ်လူမျိုးများရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှု ခံခဲ့ရတယ်။ ထရန့်ဟာ တရုတ် ဗိုင်းရပ်စ် ဆိုတာကို အသုံးပြုရင် တရုတ်လူမျိုးအပါအဝင် အာရှ နိုင်ငံသားများအား အထင်သေးမှုနဲ့ ရန်ငြိုးထားမှုများ ပြင်းထန်စွာ ဖြစ်ပွါးစေမယ်လို့ သိရက်သားနဲ့ အဲဒီ ဝေါဟာရကို ထပ်တစ်ကြိမ်ကြိမ် အသုံးပြုသဖြင့် အာရှနိုင်ငံသားများအား ရန်ငြိုးထားမှုဟာ နိုင်ငံတကာမှာ ပျံ့နှံ့လာစေခဲ့တယ်။

မတ်လ တတိယ ဆယ်ရက်ပိုင်းကစပြီး အမေရိကန်နဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံများမှာ အာရှနိုင်ငံသားများကို ရည်ရွယ်တဲ့ အထင်သေးမှုနဲ့ တိုက်ခိုက်မှု တစ်ရှိန်ထိုး တိုးများလာခဲ့တယ်။ မတ်လအတွင်း လူမှုကွန်ရက်မှာ ရန်ငြိုးထားတဲ့ စကားများဟာ ၉၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ သတင်းအရ သိရပါတယ်။

ဥပမာ ပြောရရင် လန်ဒန် ရဲဌာနမှ ထုတ်ပြန်တဲ့စာရင်းအရ ဖေဖေါ်ဝါရီလနဲ့ မတ်လ အတွင်း လန်ဒန်မှာ အရှေ့တိုင်းနိုင်ငံသားများကို ရည်ရွယ်တဲ့ ရန်ငြိုးထား တိုက်ခိုက်မှု ၁၆၆ မှု ဖြစ်ပွါးခဲ့တယ်။ ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကတော့ ၆၆ မှုသာ ရှိတယ်လို့ သတင်း ရရှိပါတယ်။

ဗြိတိန် လူ့အခွင့်အရေး အသင်းအဖွဲ့များစွာတို့က ထရန့်ရဲ့ စကားဟာ လက်ယာ အစွန်းရောက် အင်အားစုများကို လမ်းညွှန်မှု ပေးနေတယ်လို့ ပြစ်တင်ဝေဖန်ကြတယ်။