李悦

“မေလ ၄ရက်နေ့ စိတ်ဓါတ်”ကို အမေရိကန် နိုင်ငံရေးသမားအဓိပ္ပါယ် လွဲမှားအောင် ဖွင့်ဆို၍ မရ

(GMT+08:00)2020-05-11 14:10:21  

၁၉၁၉ ခုနှစ် မေလ၄ရက်နေ့က ပထမကမ္ဘာစစ်ပွဲအပြီးတွင် အင်အားကြီး နိုင်ငံများသည် တရုတ်ပြည်၏ အကျိုးစီးပွားများကို အသုံးပြုပြီး တိတ်တဆိတ် အပေးအယူလုပ်ခဲ့ကြကြောင်း၊ ၁၉၁၉ခုနှစ်က ကျင်းပခဲ့သည့် ပါရီ ငြိမ်းချမ်းရေး ကွန်ဖရင့်(Paris Peace Conference)တွင် တရုတ် အစိုးရ၏သံတမန်ရေး ကြိုးပမ်းမှု ရှုံးနိမ့်သွားခဲ့သောကြောင့် လူငယ်ကျောင်းသားကျောင်းသူများ အပါအဝင် တရုတ်ပြည်သူ များသည် စော်ကားမှုကို မခံနိုင်၍ ဆန္ဒပြ လှည့်လည်ပွဲကို ကျင်းပခဲ့ကြောင်း၊ တရုတ် သမိုင်းကြောင်းတွင် ၄င်းလှုပ်ရှားမှုကို “မေလ ၄ရက်နေ့ လှုပ်ရှားမှု”ဟု ခေါ်ဝေါ်ကြောင်း၊ မကြာခင်က “တရုတ်ပြည် အကြောင်း ကျွမ်းကျင်သူ”ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ကြွားဝါသည့် အမေရိကန် သမ္မတ၏ နိုင်ငံတော် လုံခြုံရေး ဒုလက်ထောက် Matt Pottingerသည်Virginiaတက္ကသိုလ်တွင် တရုတ်ဘာသာစကားဖြင့် မိန့်ခွန်းပြောကြားရာ “မေလ ၄ရက်နေ့ စိတ်ဓါတ်”၏ အနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင် ပြောကြားခဲ့ ကြောင်း၊ ၄င်းက “မေလ ၄ရက်နေ့ စိတ်ဓါတ်”သည် အစိုးရ အာဏာပိုင်အဖွဲ့ကို ခုခံကန့်ကွက်သည့် populism ကို ထပ်တူထပ်မျှထားပြီး ယင်းကို အသုံးပြုကာ တရုတ် ဖွံ့ဖြိုးရေး လမ်းကြောင်းကို ပုတ်ခတ်ပြောဆိုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

“မေလ ၄ရက်နေ့ လှုပ်ရှားမှု”သည် မွန်မြတ်သော မျိုးချစ်တော်လှန်ရေး လှုပ်ရှားမှု တစ်ခု ဖြစ်ကြောင်း၊ “မေလ ၄ရက်နေ့ စိတ်ဓါတ်”သည် Matt Pottinger ပြောကြားသည့် အစိုးရ အာဏာပိုင်အဖွဲ့ကို ခုခံကန့်ကွက်သည့် populism မဟုတ်ကြောင်း၊ “မေလ ၄ရက်နေ့ စိတ်ဓါတ်”၏ အမြုတေသည် မျိုးချစ်ဝါဒ ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

အမေရိကန် နိုင်ငံရေး သမား အချို့သည် ရန်သူလို သဘောထားဖြင့် တရုတ်ပြည်ကို တစ်လျှောက်လုံး ရှုမြင်ပြီး နည်းလမ်းမျိုးစုံဖြင့် တရုတ်ပြည် အပေါ် ဖိအားပေးရန် ကြံစည်နေကြောင်း၊ ရည်မှန်းချက်မှာ ပိုမိုများပြားသည့် ပုဂ္ဂလိက အကျိုးစီးပွားများကို ရရှိရန်ပင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀၁ နှစ်တုန်းက “မေလ ၄ရက်နေ့ လှုပ်ရှားမှု” ဖြစ်ပွားခဲ့သည့်အချိန်အပေါ် တရုတ်ပြည်သူများအနေနှင့် အချုပ်အခြာအာဏာ ထိပါးခြင်း နှင့် တိုင်းပြည်ကို အရှက်တကွဲဖြစ်အောင် ပြောဆိုခြင်းကို လုံးဝ လက်မခံကြောင်း၊  တရုတ်ပြည်သူများသည် ယင်းပြောဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း China Media Groupက ဖော်ပြသည်။