邹立莹

တရုတ် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာအစိုးရအား ဆေးဘက်ပစ္စည်းများ လှူဒါန်းပေးအပ်

(GMT+08:00)2020-05-07 15:44:12  

图片默认标题_fororder_1

图片默认标题_fororder_2

မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ထိန်းချုပ်ကုသရေးကို အထောက်အကူပြုသည့်အနေနှင့် မေ ၅ ရက်နေ့က တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနများထံသို့ ဆေးဘက် ပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရသိရသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် နှာခေါင်းစည်း ၁၅၂၀၀၀၀ ၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၃၉၀၀ ၊ ရောဂါကာကွယ်ရေးမျက်မှန် ၁၀၀၀၀နှင့် ကိုယ်ပူချိန်တိုင်းစက် ၁၀၀၀ စသည့် တန်ဖိုးအားဖြင့် စုစုပေါင်း တရုတ်ယွမ်ငွေ ၅သန်း ၅သိန်း ကျော် ရှိသည့် ဆေးဘက်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သတင်းအရ သိရပါသည်။