马宁

စမ်ရှီးခရီးစဉ်၏ တတိယနေ့တွင် ဤကိစ္စအပေါ် တူညီသော ခံစားချက် ရှိသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2020-04-25 15:38:17  

  စမ်ရှီးခရီးစဉ်၏ တတိယနေ့ ဖြစ်သည့် ဧပြီလ ၂၂ ရက်နေ့တွင် ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှီးအန်း လမ်းပန်းဆက်သွယ်ရေးတက္ကသိုလ်၏ “လမ်းပန်းဆက်သွယ်ရေးတက္ကသိုလ် အနောက်ပိုင်းသို့ ရွှေ့ပြောင်းခြင်း ပြတိုက်”သို့ သွားရောက်ပြီး လမ်းပန်းဆက်သွယ်ရေးတက္ကသိုလ် အနောက်ပိုင်းသို့ ရွှေ့ပြောင်းခြင်း၊ လုပ်ငန်းများ ထူထောင်ခြင်းနှင့် ပြောင်မြောက်သော တိုးတက်အောင်မြင်ခြင်း ပြပွဲကို ကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် စတုရန်း မီတာ ၂၄၀၀ ကျယ်ဝန်းသည့် ပြတိုက်တွင် လေ့လာကြည့်ရှုသည့်အပြင် အနောက်ပိုင်းသို့ ရွှေ့ပြောင်းခြင်းတွင် ပါဝင်ဖူးသည့် ပါမောက္ခဟောင်း ၁၄ ဦးနှင့်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

图片默认标题_fororder_xu1

  တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်တုန်းက ရရှိခဲ့သော စာတစ်စောင်အကြောင်းကို ပြောမိခဲ့တယ်။ ယင်းစာထဲတွင် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အမိနိုင်ငံအတွက် အကျိုးဆောင်ပေးသည့် အကြောင်းကို ရေးသားဖေါ်ပြထားပါသည်။

图片默认标题_fororder_xu2

  ၁၉၅၅ ခုနှစ် ဧပြီလက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးတက္ကသိုလ်ကို ရှန်ဟိုင်းမှနေ ရှီးအန်းသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ပါသည်။

图片默认标题_fororder_xu4

  အနောက်တောင်ပိုင်းဒေသ၌ အရည်အချင်းမြင့် စက်မှုတက္ကသိုလ်ကျောင်း တစ်ကျောင်း ထားရှိရန် နိုင်ငံတော်၏ လှုံ့ဆော်ချက်ကို တုံ့ပြန်သည့် အနေနှင့် ပညာရှင်များနှင့် ကျောင်းသားကျောင်းသူများသည် အနောက်မြောက်ပိုင်းရှိ မြေဝါပေါ်တွင် အနောက်ပိုင်းဒေသ သိပံ္ပနည်းပညာစခန်းနှင့် ရှေ့တန်းပြေး တက္ကသိုလ်ကို စတင် တည်ထောင်ခဲ့ကြပါသည်။ ၄င်းတို့သည် တရုတ်ပြည် အနောက်ပိုင်းဒေသ တည်ဆောက်ရေး၏ ရှေ့ပြေးသူများ ဖြစ်လာပါသည်။

图片默认标题_fororder_xu3

  ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက ရှီးအန်း လမ်းပန်းဆက်သွယ်ရေး တက္ကသိုလ်သည် “အနောက်ပိုင်းသို့ ရွှေ့ပြောင်းရေး စိတ်ဓါတ်”ကို “တစ်ခုလုံးသော အခြေအနေကို ရှေးရှုခြင်း၊ ကိုယ်ကျိုးမဖက် အကျိုးဆောင်ပေးခြင်း၊ ရိုးရာဓလေ့ထုံးစံများ ထွန်းကားစေခြင်း၊ အခက်အခဲများ ကျော်လွှားပြီး လုပ်ငန်း ထူထောင်ခြင်း” အဖြစ် အဓိပ္ပါယ် ချမှတ် ထားပါသည်။

图片默认标题_fororder_xu5

  ယနေ့တွင် “အနောက်ပိုင်းသို့ ရွှေ့ပြောင်းရေး စိတ်ဓါတ်”သည် ခေတ်နှင့်တပြေးညီ တိုးတက် လာနေပါသည်။ ရှီးအန်း လမ်းပန်းဆက်သွယ်ရေး တက္ကသိုလ် လက်ခံ ဆောက်လုပ်သည့် တရုတ် အနောက်ပိုင်းဒေသ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး စခန်းကို ၂၀၁၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး၊ big data၊ AI သိပံ္ပနည်းပညာ သုတေသန စင်တာ များစွာတို့သည် နိုင်ငံတော် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ “ဥာဏ်ရည် အင်ဂျင်များ” ဖြစ်လာပါသည်။