朱蕾

COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို ကျင်းပ

(GMT+08:00)2020-04-15 14:35:00  

COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို ဧပြီလ ၁၄ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံသည် ဗီယက်နမ်နိုင်ငံဖြစ်ကြောင်း၊ ယင်းအစည်းအဝေးကို ဗီဒီယိုနည်းဖြင့် ကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက COVID-19ရောဂါကို တိုက်ခိုက်မှုတွင် အမြန်ဆုံး အောင်ပွဲခံနိုင်ရန် အတွက် အာဆီယံနိုင်ငံများ အနေနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

စင်္ကာပူဝန်ကြီးချုပ် လီရှမ်လုံးက အာဆီယံနိုင်ငံ အသီးသီးတို့ အနေနှင့် နီးကပ်စွာ ဆက်သွယ်ပြီး အပြန်အလှန် အားကိုးအားထားပြုကာ COVID-19ရောဂါ ဆောင်ကြဉ်းလာသော စိန်ခေါ်မှုများကို အတူ ရင်ဆိုင်ဖြေရှင်းကြရန် အစည်းအဝေး၌ ပန်ကြားခဲ့ပါသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က တစ်ကမ္ဘလုံး၌ COVID-19ရောဂါ ပျံ့နှံ့နေသော အခြေအနေမျိုးတွင် မည်သည့်နိုင်ငံမဆို ကိုယ်ကျိုးသာကြည့်၍ မ​ရ​ကြောင်း၊ နိုင်ငံ အသီးသီးတို့သည် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး လူသားတို့၏ ဘုံရန်သူကို အတူ ခုခံတိုက်ခိုက်ကြရန် လိုကြောင်း ပြောကြားခဲ့ပါသည်။